တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲက စစ်တပ်အထိုင်ချနေရာတွေဖြစ်တဲ့ မြို့နယ်ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေရှိတဲ့ မြို့နယ်စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်ဖွဲ့များက အင်အား ၃၀ ကျော် ရှိနေတဲ့ မြို့နယ်ထွေအုပ်ရုံး၊ ဌာနဆိုင်ရာရုံးများရှိရာ စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရတာပါ။

အပြန်အလှန်ပစ်ခတ်မှု ၁နာရီကျော်ကြာမြင့်ခဲ့ပြီး တိုက်ပွဲတွင်းမှာ စစ်တပ်ဘက်ကနေ လက်နက်ကြီး ပစ်ကူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲအချိန်က တစ်နာရီကြာမြင့်ခဲ့ပါတယ်၊ သူတို့ဖက်က ၄၀၆ /၄၀၇ တပ်ကနေ လက်နက်ကြီးပစ်ကူ တောက်လျှောက်ရှိပါတယ်” လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့တပ်ဖွဲ့ဝင်တစ်ဦးက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်သိမ်းဆည်းရမိတာ မရှိခဲ့ပေမယ့် စာရွက်စာတမ်းနဲ့ laptop တွေ သိမ်းဆည်းရရှိခဲ့ပြီး ထိခိုက်သေဆုံး အခြေအနေတွေကို အသေးစိတ်ထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ထွေအုပ်ရုံးကိုသာ မီးရှို့ခဲ့တာဖြစ်တယ်လို့ ဆိုထားပြီး စစ်တပ်လော်ဘီချန်နယ်တွေမှာတော့ PDF တွေဟာ ဆေးရုံဟောင်းနဲ့ ဘဏ်တွေကိုပါ မီးရှို့သွားတယ်လို့ သတင်းထုတ်ပြန်လာတာ တွေ့ရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ မောင်းက ဆက်လက်မေးမြန်းရာမှာ “ဟုတ်ကဲ့၊ ပစ်ခတ်မှုကြောင့် ပျက်စီးမှုတွေရှိပေမဲ့၊ ‌ထွေအုပ်ရုံးနဲ့ ရဲစခန်းကို အဓိကဝင်ရောက်စီးနင်းပြီး ထွေအုပ်ရုံးကိုပဲ မီးရှို့ခဲ့တာ” လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရေဖြူမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တွေက စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကနဦး သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ မီးရှို့ခဲဲ့တဲ့ရွာကို လျှပ်စစ်မီးရအောင် MBT တပ်ဖွဲ့ ဆောင်ရွက်ပေးခဲ့ 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ ကျေးရွာတွေထဲက ရွာတစ်ရွာကို လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေးလာပါတယ်။ 
Read More

လှိုင်သာယာ(အနောက်ပိုင်း) ရှိ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့များ ဗုံးပစ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြို၊ ပျူရွာကို တော်လှန်ရေးတပ်တွေ Drone တွေနဲ့ တိုက်ခိုက်ခဲ့…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာ (ပျူစောထီရွာ) ကို တော်လှန်ရေးတပ်ဖွဲ့တွေက Drone တွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ အပတ်စဥ် (၈) အခြေခံစစ်သင်တန်းဆင်းပွဲ

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန် အကြီးတန်းသံအမတ် မြန်မာ့အရေးကို ထိုင်းမှာ လာရောက် ဆွေးနွေးမယ်

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုရှိစေဖို့ အမေရိကန် အကြီးတန်း သံအမတ်ကြီးဖြစ်သူ Beth Van Schaack ဟာ ထိုင်းနိုင်ငံကို လာရောက်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့…
Read More

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်….

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) ထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။