တနင်္သာရီတိုင်း မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေး ရွာအနီး အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၃ စီး ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ပေါ်ရှိ အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ သေဆုံးသူတွေကို ၃၀၆ တပ်ထဲ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တနင်္သာရီတိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ကျွန်းစုမြို့နယ်ပကဖ ၊ တနသ်ာရီမြို့နယ်ပကဖ ၊ Drogon Square ဒရုန်းလက်ရုံးတပ် ၊ KNLA -တပ်ရင်း(၁၁) နဲ့ ဗိုလ်ခရင်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ

0 Shares:
You May Also Like
Read More

၂၀၂၅ နှစ်စပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးစေခဲ့သည့် တိုက်ပွဲမှတ်တမ်း ရေးပြောက်ကျားတပ် ထုတ်ပြန် (ရုပ်/သံ)

၂၀၂၅ နှစ်စပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးခဲ့တဲ့  ဒေါနစစ်ကြောင်း(၂)၊ရေးပြောက်ကျားတပ်(YGF) ရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

အရာတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ဖမ်းထားသည့် ဓားစာခံ ၄ ဦးနှင့် ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်ထံကနေ ဓားစာခံ ၄ ယောက်နဲ့ ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း PLA ထပ်မံထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ (၂) ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

TRI ဗျူဟာ၏ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဘောလခဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းဖိုင် KNDF ဒုစစ်ဦးစီးချုပ် မာဝီထုတ်ပြန်

ကရင်နီပြည်နယ် ဘောလခဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို KNDF ဒုစစ်ဦးစီးချုပ် မာဝီမှ ယနေ့ မတ်လ ၂၂ ရက်မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

Burma Revolution Rangers တပ်ဖွဲ့မှ နင်းမိုင်းများ စမ်းသပ်ထုတ်လုပ်မှုအောင်မြင် (ရုပ်/သံ)

Burma Revolution Rangers တပ်ဖွဲ့ ရဲဘော်တွေရဲ့ ကြိုးစားမှုနဲ့ ထုတ်လုပ်ထားတဲ့ နင်းမိုင်းတွေကို စမ်းသပ်မှု အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။