မကွေးတိုင်း မင်းတုန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး ၁ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄တပ်ရင်းမှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ မူးယစ်ဆေးများ သယ်ယူရောင်းချနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တပည့်တစ်ဦးကို မူးယစ်ဆေးဝါး(WY)အလုံးရေ တစ်သောင်းနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးမိထားတဲ့ ပျူစောထီးကို စစ်ဆေးမှုများ လုပ်ဆောင်နေပြီး မူးယစ်ဆေးဝါးကိုတွေကို ဒီဇင်ဘာ ၁၀ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

Video-သရက်ခရိုင် အမှတ်-၄တပ်ရင်း

0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝန်းသိုမှ ကောလင်းသို့ စစ်ကူလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၇ ဦး အရှင်ဖမ်းခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သစ်ဖုလတောင်စခန်းတိုက်ပွဲသို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများအား တိုက်ခိုက်ပြီး မဲရုံများကို ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ပြီး မဲရုံတွေကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့  နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူးထံက သိရပါတယ်။
Read More

ဗန်းမော်မြို့မှ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

“သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးပါနဲ့!”

“အဲ့ဒါ ထွက်ပေါက် မဟုတ်ဘူး၊ အဲ့ဒါ ထောင်ခြောက်ကြီး!” “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးပါနဲ့!” “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်” “မဲမပေးနဲ့၊ သပိတ်မှောက်!” “လူရွေးမှားနေတုန်းလား? ဒီတစ်ခါ မှားရင် နှစ် ၅၀ လောက် ထပ်ကြာသွားမယ်!”
Read More

ဖားကန့်မြို့နယ် လုံးခင်းရွာတွင် တိုက်ပွဲများ ပြင်းထန်နေ၊ စစ်ကောင်စီတပ်က ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထား (ရုပ်/သံ)

မေလ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့နယ် လုံးခင်းရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးပြီး ဓားစာခံလုပ်ထားတယ်လို့ သိရပါတယ်။