မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံးသွားတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ် ။
ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ဘီးလင်းနယ်ထဲက ဖိုးဝါးသိမ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စစ်ကော်မရှင်တပ်သားတွေက လက်နက်ကြီး နဲ့ ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့လို့ ဆိုင်ကယ်စီးလာတဲ့ ဦးကြည်လွင် (၅၃) နှစ် နဲ့ ဦးမောင်လုံး (၅၀) နှစ်တို့ လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသား ၂ ယောက်ထဲက တစ်ယောက်ဟာ ဖိုးဝသိမ်ရွာသားဖြစ်ပြီး၊ ကျန်တစ်ယောက်ကတော့ ရှမ်းစုရွာသားဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်က စစ်ကြောင်းထိုးလာတော့ အပြန်အလှန်ပစ်ခတ်ကြတာဖြစ်ပြီး၊ သူတို့ကရွာသားတွေကိုပြန်မဲပြီး လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ဆိုက်ကယ်စီးလာတဲ့ ဦးကြည်လွင် နဲ့ ဦးမောင်လုံးတို့ကို ထိသွားတာ၊ တစ်ယောက်က သွေးထွက်လွန်ပြီးသေတယ်၊ တစ်ယောက်က ပွဲချင်းပြီသေသွားတာ” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါစစ်ကော်မရှင်တပ်သားတွေဟာ လူအင်အားထပ်မံဖြည့်တင်းထားပြီး ဖိုးဝသိမ်ရွာ နဲ့ အလူကြီးရွာထဲမှာ တပ်ဖြန့်ထားသလို အလူကြီးရွာသား ၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ထပ်မံရရှိတဲ့သတင်းများအရ အထက်ပါနယ်ခံက “ဖမ်းခံရတဲ့သူတွေက ရွာသားတွေပါပဲ၊ pdf တွေမဟုတ်ဘူး၊ ၃ ယောက်လုံးက ယောကျာ်းလေးတွေ၊ ဒီမနက်ထပ်သိရတာက ဖမ်းထားတဲ့ ရွာသား ၃ ယောက်လုံးကို လည်လှီးသတ်ဖြတ်လိုက်ပြီလို့ကြားတယ်” လို့ ဆက်ပြောပါတယ်။

အခုလိုကျေးရွာတွေထဲမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးတပ်စွဲထားတဲ့အတွက် ဖိုးဝသိမ်၊ အလူကြီး၊ ရှမ်းစု အစရှိတဲ့ ကျေးရွာကပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပုံစာ – စစ်အုပ်စုပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်သေဆုံးသွားသူများ
0 Shares:
You May Also Like
Read More

ပင်လယ်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ KIA တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ရက် မနက််ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနှင့် ရန်ဖြစ်သည့် အမျိုးသား စစ်မှုထမ်း ခေါ်ဆောင်သွားခြင်းခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းတပ်မြို့မှာ ရေပိုက်လိုင်းများ ပျက်စီးအောင် အကြောင်းမဲ့ ပြုလုပ်သူများကို အရေးယူမည်၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် တောမီးများ လောင်ကျွမ်းမှုကြောင့်လည်း ရေပိုက်လိုင်းများ ပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မင်းတပ်-မတူပီ လမ်းတလျှောက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေ ပျက်စီးအောင် အကြောင်းမဲ့ ပြုလုပ်သူတွေကို အရေးယူသွားမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုထက်မနည်းကို KIA သိမ်းပိုက်ထား

ဗန်းမော်အခြေစိုက် စစ်ကောင်စီ စကခ ၂၁ ရဲ့ ကာကင်းစခန်း ၅ ခုထက်မနည်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ကျိုင်းတုံတွင် ဝဇီပိတ်ဘုန်းကြီး၏ လောကသရဖူစေတီဘုရားဌာပနာ ယတြာချေပွဲနှင့် သီလဓမ္မဆေးရုံဖွင့်ပွဲ အကြမ်းဖက်မင်းအောင်လှိုင် လင်မယား တက်ရောက်

ကျိုင်းတုံမြို့မှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တို့ လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးရဲ့ လောကသရဖူစေတီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာနဲ့ ဝါဒဖြန့်လော်ဘီတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။