ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း Chinland Defense Force – Matupi ရဲ့ စစ်ဦးစီးဌာနမှူး ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖလမ်းမြို့နယ်၊ Sumhrang ကျေးရွာမှာ အကြမ်းဖက်စစ်ကော်မရှင်တပ် နဲ့ CDF- Matupi တို့ထိတွေ့ ပစ်ခတ်မှူဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အပြန်အလှန်ပစ်ခတ်မှုများအတွင်းCDF- Matupi ရဲ့စစ်ဦးစီးဌာနမှူး ဆလိုင်းအန်တိုနီဟာ ဦးခေါင်း နဲ့ ရင်ဘတ်ကို ကျည်ထိမှန်ပြီး ကျဆုံးသွားတာဖြစ်တယ်လို့ သိရတာပါ။

“တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ” လို့ Chinland Defense Force – Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်မှဖက်မှ ထိခိုက်မှုတချို့ရှိသလို၊ စစ်ကော်မရှင်တပ်ဖက်ကလည်း ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ဆိုပါတယ်။

ကျဆုံးသွားတဲ့ ဆလိုင်းအန်တိုနီဟာ မိမိတို့ဌာနမှာ စစ်ဦးစီးဌာနမှူးကို တာဝန်ထမ်းဆောင်နေတာ ၁ နှစ်ဝန်းကျင်တာ ရှိသေးတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ၎င်းရဲ့ရုပ်အလောင်းကို ချင်းထုံးစံအတိုင်း ဌာနချုပ်ရှိတဲ့ မတူပီအထိ သယ်ဆောင်သွားမှာ‌ဖြစ်ပြီး မိသားစုဝင်တွေထံ ပြန်လည်အပ်နှံကာ သဂြိုဟ်မှာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်များ တွေ့ဆုံမှုကို စိုးရိမ်ကြောင်း NUG နဲ့ တော်လှန်ရေးအင်အားစုများ ထုတ်ပြန်

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်များ ငလျင်အကူအညီပေးရေး ခေါင်းစဉ်နဲ့ တွေ့ဆုံကြမယ့်အပေါ် အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်လိုက်ပါတယ်။
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား ၂ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့ ထုတ်ပြန်ပါတယ်။ တီးတိန်မြို့ရှိ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ၂၃ နှစ်အရွယ်ရှိ စစ်ကောင်စီတပ်သား ၂ ယောက်က ဧပြီ ၇ ရက် မနေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ PDF Zoland က မှတ်တမ်းဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

လားရှိုးမြို့နယ်တွင် SSPP နှင့် MNDAA တိုက်ပွဲဖြစ်ပွား၊ MNDAA တပ်သား ၈ ဦး ကျဆုံးဟု SSPP ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စုအနီး နားလိုင်ရွာအထွက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA စစ်ကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDJP/MNDAA)တို့ နှစ်ဖက်တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ သိရပါတယ်။
Read More

ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က တောင်တက်ခွင့် ပိတ်ပင်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပုပ္ပါးတောင်ခြေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုပ္ပါးတောင်တက်ခွင့်ကို ပိတ်လိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။