ယခုတပတ်အတွင်း လူ ၂၀ ခန့် သေဆုံးခဲ့ရတဲ့ နယ်စပ်တလျှောက်က တိုက်ပွဲတွေကို ရပ်တန့်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၁၂ ရက်မှာ ပြောပါတယ်။

ကီလိုမီတာ ၈၀၀ ရှည်လျားတဲ့ နယ်စပ်မျဉ်းတလျှောက် ကာလရှည်အငြင်းပွားခဲ့ရာက ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးတိုက်ပွဲတွေကြောင့် နှစ်ဖက်စလုံးမှာ လူဦးရေ ငါးသိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို၊ ပဋိပက္ခ ပြန်လည်စတင်ခဲ့တဲ့အပေါ်မှာလည်း နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် အပြစ်ပုံချနေခဲ့ကြပါတယ်။

“သူတို့ရဲ့ ကာလရှည်ကြာစစ်ပွဲ မတော်တဆ ပြန်လည်စတင်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဒီမနက်ပဲ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် တို့နဲ့ သေချာစကားပြောခဲ့ပါတယ်၊ သူတို့နှစ်ဦးစလုံး ဒီညနေကစပြီး ပစ်ခတ်မှုအားလုံးကို ရပ်စဲဖို့၊ ပြီးတော့ မလေးရှားဝန်ကြီးချုပ်ကြီး အန်ဝါ အီဘရာဟင်ရဲ့ အကူအညီနဲ့ သူတို့နဲ့ ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ မူလငြိမ်းချမ်းရေး သဘောတူညီချက်ဆီ ပြန်သွားဖို့ သဘောတူညီခဲ့ကြပါတယ်” လို့ ၎င်းရဲ့ Truth ဆိုရှယ်ပလက်ဖောင်းကနေ ရေးသားခဲ့ပါတယ်။

“နိုင်ငံနှစ်ခုစလုံးဟာ ငြိမ်းချမ်းရေးအတွက်၊ အမေရိကန်နဲ့ ဆက်လက်ကုန်သွယ်ဖို့အတွက် အသင့်ဖြစ်နေပါပြီ” လို့ ထရမ့်က မှတ်ချက်ပြုခဲ့ပြီး အန်ဝါကိုလည်း ၎င်းရဲ့အကူအညီအတွက် ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပါတယ်။

အခုလိုရေးသားချက်မတိုင်ခင် ထရမ့်နဲ့ဖုန်းပြောခဲ့တဲ့ အနုတင်က “ကမ္ဘောဒီးယားအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာတော့မယ်ဆိုတာ ကမ္ဘာကို ကြေညာဖို့ လိုအပ်ပါတယ်၊ သဘောတူညီချက်ကို ချိုးဖောက်သူက (ဒီအခြေအနေကို) ပြင်ဆင်ဖို့ လိုပါတယ်၊ ချိုးဖောက်ခံရသူက လုပ်ရမှာမဟုတ်ဘူး”လို့ ပြောဆိုခဲ့ပါတယ်။
ကနဦး ငါးရက်ကြာ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခဲ့တဲ့ မလေးရှားတို့က ဇူလိုင်လမှာ အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့တာပါ။ အောက်တိုဘာလမှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ ထရမ့်ရှေ့မှာ သဘောတူညီခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်တလမှာတော့ ထိုင်းစစ်သားတွေ နယ်စပ်မှာ မြေမြှုပ်မိုင်းဒဏ်ရာရရှိခဲ့တာကြောင့် ထိုင်းက အဆိုပါသဘောတူညီချက်ကို ဆိုင်းငံ့ခဲ့ပါတယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ပြည်နယ်က ထိုင်းဒေသခံ ဂျီရာဆန်ကုန်ချန် ကလည်း ငြိမ်းချမ်းရေးက နိုင်ငံခြားကြားဝင်စေ့စပ်မှုနဲ့ မဟုတ်ဘဲ နှစ်နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးမှုတွေကတဆင့် ပေါ်ပေါက်လာသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထရမ့်က အခုလို နှစ်နိုင်ငံအကြား အပစ်ရပ်ဖို့ သဘောတူခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ လက်ရှိ ဒီဇင်ဘာလ ၁၃ ရက် မနက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသေးတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာအပါအဝင် အာရှရွှေ့ပြောင်းများကို တောင်ဆူဒန်နိုင်ငံဆီ ထရမ့်အစိုးရ ပြည်နှင်ဒဏ်ပေး

အမေရိကန်အစိုးရက မြန်မာနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက ရွှေ့ပြောင်းတွေကို ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အာဖရိကနိုင်ငံ တောင်ဆူဒန်ဆီ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေက ဖက်ဒရယ်တရားသူကြီးကို အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

ကုလသမဂ္ဂသံတမန်တွေကို NUG လူ့အခွင့်အရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ရှင်းလင်းပြောကြား

အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးက ဦးအောင်မျိုးမင်းဟာ စက်တင်ဘာလ (၁၉)ရက် မနက်ပိုင်းက ကုလသမဂ္ဂ အဆောက်အဦးမှာ ကျင်းပပြုလုပ်တဲ့ သံတမန်ရေးရာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သံတမန်တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေနေရတဲ့ ရေဘေးဆိုင်ရာအခြေအနေတွေ ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံ အဓိကကျတယ်လို့ ထိုင်းပြော

စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုရီးယားနေ တော်လှန်ပြည်သူများနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုရီးယားနေ တော်လှန်ပြည်သူတွေနဲ့ စက်တင်ဘာ ၂၇ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ရုံးက ထုတ်ပြန်ပါတယ်။