အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့နဲ့ လေ့လာစောင့်ကြည့် ရေးကိုယ်စားလှယ်များ မစေလွှတ်ဖို့တို့အတွက် အိန္ဒိယအစိုးရနဲ့ လွှတ်တော်ကို မြန်မာပြည်သူတွေကိုယ်စား အရပ်ဘက်နဲ့တော်လှန်ရေး အဖွဲ့ ၁၁၃ ဖွဲ့နဲ့ တသီးပုဂ္ဂလ ၂၉ ဦးတို့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရနဲ့ လွှတ်တော်ဆီ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့ ရက်စွဲနဲ့ လိပ်မူပေးပို့ခဲ့တဲ့ အဲဒီအိတ်ဖွင့်ပေးစာမှာ တောင်းဆိုချက် ၃ ချက်ပါဝင်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံမယ့်အစား မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးကို လက်တွေ့ကျကျ ကူညီပံ့ပိုးပေးဖို့ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

“စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သော အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံမည့်အစား မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်တွေ့ကျပြီး အထောက်အကူဖြစ်စေမည့် အကူအညီများကိုသာ ပံ့ပိုးပေးပါရန် အလေးအနက် မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်” လို့ အိတ်ဖွင့် ပေးစာမှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။

အိန္ဒိယရဲ့ ဘက်မလိုက်တဲ့ နိုင်ငံခြား‌ရေး မူဝါဒကို လေးစားပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့အရေးဟာ ဓမ္မနဲ့ အဓမ္မ၊ ပြည်သူလူထုနဲ့ အာဏာရှင်လူတစုကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်တဲ့အတွက် ဘက်မလိုက်တဲ့ နိုင်ငံခြားရေးနဲ့ မချဉ်းကပ်ဘဲ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွား၊ သမိုင်းကြောင်းအရ အိမ်နီးချင်းကောင်း ပီသမှုနဲ့ နှစ်နိုင်ငံ ရေရှည်အကျိုး စီးပွားကို မျှော်ကိုးပြီး မှန်ကန်စွာ ရပ်တည်ချဉ်းကပ်သင့်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

“လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနှင့် အိန္ဒိယအစိုးရ တို့အကြား ဆက်ဆံရေးပုံစံများအပေါ် ကျွန်ုပ်တို့အနေဖြင့် အထူးပင် စိတ်မကောင်းဖြစ်ရပါသည်” လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူမှုရေး ကပ်ဘေးဆိုးတွေအားလုံးဟာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်ဖြစ်ပြီး အဲဒီအရာတွေအတွက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အပြည့်အဝ ရှိစေရမယ်လို့ အိတ်ဖွင့်ပေးစာက ဆိုပါတယ်။

ဒါ့အပြင်မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေအားလုံးရဲ့ မူလဇာစ်မြစ်ဟာ အာဏာရှင်ဆန်တဲ့အတွေးခေါ်ရှိသူ စစ်ခေါင်းဆောင်တွေကြောင့်ဖြစ်ပြီး သူတို့တွေဟာ သမိုင်းတရားခံတွေ ဖြစ်ကြသလို အခုဆင်နွှဲနေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ သာမန် နိုင်ငံရေးပဋိပက္ခမျှသာမဟုတ်ဘဲ စနစ်ဆိုးတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းမယ့် တော်လှန်ရေး တစ်ရပ်ဖြစ်တယ်လို့လည်း အိတ်ဖွင့်စာက ဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ချင်းလက်နက်ကိုင်တပ် ၂ ခု နယ်မြေအငြင်းပွားတိုက်ခိုက်မှု ဒေသခံအမြောက်အမြား အိန္ဒိယဘက် ထွက်ပြေး

ချင်းကာကွယ်ရေးတပ် (CDF-Hualngoram) နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့အကြား ပြီးခဲ့တဲ့ရက်တွေက နယ်မြေအငြင်းပွားမှုတိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအမြောက်အမြား အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခဲ့ကြရတယ်လို့ အိန္ဒိယသတင်းတွေမှာ ရေးထားပါတယ်။ 
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး ပြန်လွတ်ပြီလို့ ထိုင်းအစိုးရ ပြော

စစ်ကောင်စီရေတပ်က ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း AFP က သတင်းဖော်ပြထားပါတယ်။
Read More

ရွှေ့ပြောင်းလုပ်သားချင်းတူပေမယ့် ပိုမိုဖိနှိပ်ခံနေရသော မြန်မာလုပ်သားများ

ထိုင်းနိုင်ငံ၊ Nong Bua ဒေသအတွင်းက ကျေးရွာတွေမှာ မြန်မာနိုင်ငံသားတွေကို ည ၉ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဆိုတဲ့ စည်းကမ်းအပါအဝင် တခြား စည်းမျဥ်းစည်းကမ်းတွေပါဝင်တဲ့ စာရွက်တွေကို ဖြန့်ဝေနေပြီး ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီဒေသအတွင်း နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထံက သိရပါတယ်။
Read More

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို တခြားနိုင်ငံတွေထက် တရုတ်က ပိုလိုလားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော..

မြန်မာ့အရေးမှာ နိုင်ငံရေး ရင်ကြားစေ့ကြပြီး၊ တည်ငြိမ် တာရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိဖို့ ကူညီပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေးကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
Read More

မဲဆောက်တွင် ထိုင်းအာဏာပိုင်များမှ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ တရားမဝင် စျေးဆိုင်ခန်းများနှင့် သုံးဘီးယာဥ်၊ ဘတ္ထရီစက်ဘီး စီးနင်းသူများကို အရှိန်ဟုန်မြှင့် စစ်ဆေးနေ…

" ဒီမနက် မဲဆောက်စျေးသွားတာ သရဲခြောက်မှာ​တောင်​ ကြောက်ရတယ်။ နေလာတဲ့ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် ခြောက်ကပ်တာမျိုး မတွေ့ဖူးဘူး" လို့ မဲဆောက်မြို့မှာ အခြေချနေထိုင်နေသူတစ်ယောက်က​ မောင်းသတင်းဌာနကို​ ပြောပါတယ်။