စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ်ကနေ ယှဉ်ပြိုင်မယ့် PPP ကိုယ်စားလှယ်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ နာမည်ကြီးအကနဲ့ ကပြကာ မဲဆွယ် စည်းရုံးရေးဆင်းနေပါတယ်။

လမ်းသွားလူလာလမ်းပေါ်တွေ၊ မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ နေအိမ်တွေ၊ ပါတီစတုဒီသာကျွေးတဲ့ နေရာတွေမှာ ကပြနေတာပါ။ ဒီလိုကပြတာဟာ မဲဆွယ်ဖို့အတွက်ပါပဲလို့ အဆိုပါကိုယ်စားလောင်းက ၎င်းရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

”ဒီလို ကျပ်မပြည့်တဲ့ကောင်တွေက လွှတ်တော်အမတ်ဖြစ်ချင်နေတာက ‌ေ‌-ာက်ပြဿနာ၊ ဒီလိုအခြေနေမျိုးမှာ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူရဲ့ ဆဲဆိုသံ လှောင်ပြောင်သံတွေကို မသိကြတာလား …. တိုင်းပြည်အရေးထက် ခေတ်ပျက်မှာ အချောင်အမတ်ဖြစ်မလားဆိုပြီး ဝင်ပြိုင်နေကြသူတွေချည်းပဲ” လို့ Facebook သုံးစွဲသူတွေက မှတ်ချက်ပြုရေးသားထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာကလည်း မင်္ဂလာတောင်ညွန့်မြို့နယ် PPP အမတ်လောင်းဆိုသူကလည်း ဘေးဘရာတွေ ဝေးကွာဖို့ဆိုတာ ဘယာကြော်ကျွေးကာ မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပါသေးတယ်။

Video-ဦး စိုင်း အောင်စိုး
0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ညောင်းကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ Aung San's Land Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် ကျောက္ကာရွှေဂူနီဘုရားတွင် အထိုင်ချထားသည့် စစ်တပ်ထံ ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာ‌ရွှေဂူနီဘုရားမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားတွေထံ ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာက သတင်းထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ် စွန်းလွန်းအကြမ်းဖက်စစ်တပ်ဂိတ်ကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စွန်းလွန်းအကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်းထံက သိရပါတယ်။