စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အရပ်သားတောင်သူတွေ​ဆီက စပါးရိတ်စက်တွေ လုယူသယ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ပျူစောထီး ၄ယောက်သေဆုံးကာ စပါးရိတ်စက် ၁စီးကို တောင်သူတွေထံ ပြန်ပေးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၁ရက် ညနေပိုင်းက ရွှေဘိုမြို့နယ်၊ မြင်ချင်နဲ့ ဇီးကုန်းလေး ပျူစောထီးရွာတွေကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေဟာ နယ်မြေချင်းထိစပ်နေတဲ့ မြိုက်ကျေးရွာနဲ့ကင်းဗျားကျေးရွာတို့ကို ဝင်ရောက်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူတွေဆီကနေ စပါးရိတ်စက်(၂)စီးကို လုယက်ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုလုပ်ဆောင်နေချိန် ရွှေဘိုမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ (PDO)နဲ့ နယ်မြေခံပကဖတွေကဝင်​ရောက်တိုက်ခိုက်ရာမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ အချိန် ၁နာရီကြာဖြစ်ပွားပြီး စစ်အုပ်စု ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

“ထွက်လုတာက စခနဲ့ ပျူအင်အား ၂၀ ကျော်လောက်ရှိတယ်၊ ပျူရွာအတွင်းက ကူပစ်ပေးတာကတော့ များတယ်ဗျ။ ဒီလိုစပါးရိတ်တဲ့အချိန်ဆို သူတို့က ထွက်လုနေကျပဲ။ ကျနော်တို့နဲ့ ပစ်ခတ်မှုဖြစ်ပြီဆိုတာနဲ့ အရပ်သားတွေက ပြေးကြတာပါပဲ။” လို့
ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၄ယောက် သေဆုံးပြီး သူတို့ယူဆောင်သွားတဲ့ စပါးရိတ်စက်(၂)စီးထဲက (၁)စီးနဲ့ ဘေးတွဲ(​၁)စီး၊ ဆိုင်ကယ်၁စီးတို့ကို ပကဖတပ်တွေက အရပ်သားတွေဆီ ပြန်လည်ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပကဖတပ်ဖွဲ့ဝင်တွေလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံးမှ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း ပို့ချ

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ”စစ်သည်တော်ကျင့်ဝတ်နှင့်စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း”ကို စက်တင်ဘာလ ၁ ရက်‌နေ့ကနေ ၃ ရက်နေ့အထိ ၃ ရက်ကြာ Online System နဲ့ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရိဒ်ခေါ်ဒါရ်မြို့မှ CNDF တပ်များ ပြန်လည်ဆုတ်ခွာ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ဆွေးနွေးမှုများ ဆက်လက်ရှိနေ …

" မြေပြင်စစ်ရေးဖိအားကြောင့် CNO/CNDF က ပြန်လည်ဆုတ်ခွါသွားတာပါ။ အခုလက်ရှိမှာတော့ မူလ ဒေသခံပြည်သူတွေ လက်ထဲ ပြန်ရောက်ပါပြီ။ Rihkhuadar စစ်ရှောင်တွေ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်လာနေကြပြီ" လို့ CNF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KNU ၏ နိုင်ငံရေးနှင့်စစ်ရေး ဦးဆောင်အကြံပေး စောထူးထူးလေး ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံရေးနှင့်စစ်ရေး ဦးဆောင်အကြံပေးပုဂ္ဂိုလ်​ဖြစ်သူ စောထူးထူးလေးဟာ မေလ ၁၇ ရက် မနေ့ညပိုင်းက ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် မိဘ ၂ ပါး သေဆုံးကာ သားနှင့်သမီး ကျန်ရစ်ခဲ့

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ စတင်ပြင်ဆင်နေ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူဖို့ ထွေအုပ်ရုံးတွေကနေ စတင် စာရင်းပြုစုတာတွေ လုပ်ဆောင်နေပြီလို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။