ရှေးဟောင်းယဥ်ကျေးမှုဇုန် မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂအနေနဲ့ ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒါဟာ အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာစေတာဖြစ်ပြီး လူသားချင်းစာနာထောက်ထားရေး အကူအညီ လိုအပ်ချက်တွေ လျင်မြန်စွာ မြင့်တက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

“ကျန်းမာရေးဆိုင်ရာ နေရာတွေဖြစ်တဲ့ ဆေးရုံတွေနဲ့ အရပ်သားတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို လေးစားတန်ဖိုးထားပြီး ကာကွယ်ပေးရမယ်” လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုမှာ လူနာတွေ၊ လူနာစောင့်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် အရပ်သားပြည်သူ ၃၃ယောက် သေဆုံးခဲ့ပြီး ၇၆ ယောက် ဒဏ်ရာရခဲ့ကာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုလုံးကို ထိခိုက်စေတာကြောင့် မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပိုမိုဆိုးဝါးစေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားရေး လိုအပ်ချက်နဲ့ တုံ့ပြန်ဆောင်ရွက်မှု အစီအစဥ်အတွက် အမေရိကန် ဒေါ်လာ သန်း ၈၉၀ လိုအပ်တယ်လို့ ကုလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လာမယ့်နှစ်မှာ ကလေးငယ် ၅ သန်းအပါအဝင် လူဦးရေ ၁၆ ဒဿမ ၂ သန်း အကူအညီလိုအပ်နေပြီး ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူဦးရေ ၃ ဒဿမ ၆ သန်းခန့် ရွှေ့ပြောင်းခိုလှုံနေရသလို လူပေါင်းများစွာ ထပ်ခါထပ်ခါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိုင်းစစ်တပ်က လေယာဉ်ပစ်အမြောက်များ နယ်စပ်မှာ ရွှေ့ပြောင်းချထား

မြန်မာစစ်တပ်ဟာ ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA တပ်စခန်းတွေကို ဧပြီလ ၂၁ ရက်မှာ ဗုံး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

ညီညွတ်ပေါင်းစည်းရေးကို ဦးစားပေးနေပေမယ့် ရှမ်းပြည်မှာ RCSS နဲ့ SSPP တို့ ထိတွေ့တင်းမာမှုတွေရှိနေ

ရှမ်းပြည်မှာ အင်အားကြီးမားတဲ့ ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က မနေ့က ဒီဇင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုက စစ်ကော်မရှင်ဟု အမည်ပြောင်းကာ တာဝန်ခံမှု ရှောင်လွှဲဖို့ ပြင်ဆင်နေတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်ကြောင်း The Sentry နှင့် Justice For Myanmar ပူးတွဲထုတ်ပြန်

The Sentry နဲ့ Justice For Myanmar တို့ ပူးတွဲထုတ်ပြန်တဲ့ စာတမ်းအရ မြန်မာစစ်အုပ်စုဟာ သူတို့အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့နဲ့ နိုင်ငံရေးအရ တရားဝင်မှု အတုအယောင်ရရှိဖို့အတွက် အဖွဲ့အစည်းအမည်တွေကို ပြောင်းလဲခြင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ လော်ဘီတွေ ငှားရမ်းတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။