စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒမဲပေးနိုင်တဲ့ Millions People Movement မှာ ပါဝင်လာတဲ့ ပြည်သူအရေအတွက် တသန်းခွဲကျော်အထိ ရောက်ရှိလာနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စတင်ခဲ့တဲ့ Millions People Movement ကမ်ပိန်းဟာ လက်ရှိအချိန် ၁ ပတ်အတွင်းမှာတင် စစ်အုပ်စုကို အလိုမရှိကြောင်း ဆန္ဒမဲအရေအတွက် တသန်းခွဲကျော်အထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒီကမ်ပိန်းကနေ ရရှိလာတဲ့ လူထုသဘောထားကို နိုင်ငံတကာသံရုံးတွေ၊ မီဒီယာတွေဆီကို ပေးပို့သွားမှာဖြစ်ပြီး မဲပေးသူ တယောက်ချင်းစီရဲ့ လုံခြုံရေးကို အထူးသတိထားကာ ဒီကမ်ပိန်းကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ Millions People Movement ကမ်ပိန်းရဲ့ တာဝန်ရှိသူ ရဲဘော်ကျော်ကြီးက ဆိုပါတယ်။

“အခုဆို ကမ်ပိန်းက ၁သန်းခွဲ ကျော်သွားတယ်ပေါ့နော်။ ဒါက တနိုင်ငံလုံးက လူတွေ အကုန်လုံးက ရက်တိုတိုအတွင်းမှာ ဝင်ပါခဲ့တဲ့ ကမ်ပိန်းလည်းဖြစ်တယ်။ ကျနော်တို့အနေနဲ့က မြန်မာပြည်မှာရှိတဲ့သူတွေဟာ ဘယ်လောက်တောင် စစ်အုပ်ချုပ်မှုကို လက်မခံဘူးလဲ ဆိုတာ… ဒီအပေါ်မှာ ဘယ်လောက်ထိတောင် ဆန့်ကျင်ကြလဲဆိုတာ comment တွေမှာ ဝိုင်းရေးကြတာလည်း တွေ့တဲ့အတိုင်းပါပဲ။ ဒါက စစ်အာဏာရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ဝိုင်းဝန်းဆန္ဒပြကြတဲ့ ထင်ရှားတဲ့ သက်သေပါပဲ” လို့ ရဲဘော်ကျော်ကြီးက မောင်းကို ပြောပါတယ်။

အဆိုပါကမ်ပိန်းမှာ ပါဝင်ချင်သူဟာ https://mm-sham-elections.vercel.app ထဲကို ဝင်ရောက်ပြီး Click တချက်နှိပ်ကာ အလွယ်တကူ ပါဝင်နိုင်သလို မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖြည့်စရာမလိုဘဲ Website ထဲမှာ ရွေးကောက်ပွဲကို ဘာကြောင့် လက်မခံတာလဲ ဆိုတဲ့ မှတ်ချက်ကိုလည်း ကိုယ့်သဘောရှိတဲ့အတိုင်း ဝင်ရောက်ရေးသားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆန္ဒမဲ ဝင်ပေးတဲ့ ပြည်သူတွေရဲ့ အချက်အလက်တွေကိုလည်း ဒေတာသိမ်းယူထားခြင်းမရှိတာကြောင့် လုံခြုံစိတ်ချစွာ ဆန္ဒမဲ ဝင်ရောက်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့က ဖုန်းတလုံး၊ ကွန်ပျူတာတခုကို တခါပဲ Click နှိပ်လို့ ရအောင် ကျနော်တို့ စီစဉ်ထားတယ်။ အဲ့လိုဆိုတော့ Device တခုတည်းကနေ ထပ်ခါထပ်ခါ ဝင်လို့ မရတော့ဘူးပေါ့နော်။ အဲ့လိုပဲ လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အသုံးပြုတဲ့ သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ် ဘာမှ မကောက်ဘူး။ နောက်ပြီးတော့ Click နှိပ်ရလွယ်အောင် ကျနော်တို့ လုပ်ထားတယ်။ ဒါကြောင့် လူတွေ အများကြီး လုံလုံခြုံခြုံနဲ့ ဝင်ပါကြတယ်လို့ ထင်ပါတယ်။ ပြီးတော့ လုံခြုံရေးကိုလည်း အမြင့်ဆုံးအနေအထားမှာ ထားပြီးတော့ ဆောင်ရွက်ထားပါတယ်” လို့ ရဲဘော်ကျော်ကြီးက ရှင်းပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်ပြောက်ကျားအဖွဲ့ YUPA ရဲဘော် ၂ ဦး အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) တပ်ဖွဲ့ဝင် ရဲဘော် ၂ယောက် အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်လအတွင်း တစ်ဒေါ်လာ ၂၅၀၀ ကျပ် နီးပါးအထိ ကျဆင်း

ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။
Read More

ဆိပ်ဖြူတွင် ကပစ ကိုလာသည့် စစ်ကားများကို စောင့်ကြိုတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၁ ဦး သေဆုံး

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကပစ ၂၁ ကို လာတဲ့ စစ်ကောင်စီကားတွေကို စောင့်ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ (၁) - Caf SpuPDF က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဒေသစွဲ စိတ်ကိုဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တော်လှန်ရေးအတွက် ထမ်းဆောင်ဖို့ အသင့်ရှိရမယ်လို့  NUG ယာယီသမ္မတ ပြော

တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့  မိမိတို့ဒေသ စွဲစိတ်ကို ဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်တွေ အသင့်ရှိရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။
Read More

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကို ပြည်ဝင်ခွင့်မပေးခဲ့သည့် စစ်ကောင်စီက မည်သည့်နိုင်ငံတကာအဖွဲ့အစည်းကိုမဆို ကြိုဆိုတယ်ဟု ဝါဒဖြန့်

ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကို ငြင်းပယ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ကယ်ဆယ်ရေး လာရောက်လုပ်ဆောင်လိုတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကြိုဆိုလက်ခံသွားမယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။