ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကြီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အယောက် ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနေ့ည ၉ နာရီကျော်အချိန်မှာ မြောက်ဦးမြို့က အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကို အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃၃ ယောက် သေဆုံးခဲ့ရပြီး ၇၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းတွေကို တင်ဆက်နေတဲ့ Arakan Princess Media က ဖော်ပြပါတယ်။

မနေ့က ဒီဇင်ဘာ ၁၀ ရက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး ဒီလိုနေ့မျိုးမှာ စစ်ကော်မရှင်က အရပ်သားပြည်သူတွေရှိရာ ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ကာ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့တာပဲ ဖြစ်ပါတယ်။

(ဓာတ်ပုံ WaiHunAung/ အရက္ခမင်းသမီး)

0 Shares:
You May Also Like
Read More

ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်း ဖြစ်နေသူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းပွဲ

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

တောင်သာမြို့အစွန်ရှိ စစ်အုပ်စု ဝန်ထမ်းအိမ်ရာအား မြင်းခြံခရိုင်တပ်ရင်း (၃) က  ဝင်ရောက်ရှင်းလင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ရာကိုပါ တစ်ပါတည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။