ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံများစွာ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်က မထင်ရင်မထင်သလို လေကြောင်းတိုက်ခိုက်နေတာကြောင့် စစ်ရှောင်တွေဟာ ကျေးရွာတွေထဲ ပြန်မဝင်ရဲဘဲ စစ်ရှောင်ရတဲ့ရက်ကြာလာတာနဲ့အမျှ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

“ရွာသားတွေက ကန်ပက်လက်နဲ့ အခုလေယာဥ်ဗုံးကြဲတဲ့ ဟိုတယ်ဇုန်နားကြားမှာတော့ မရှိတော့ဘူး။ အဲဒီရဲ့ အပေါ်ဘက်မှာ ရွာ ၃/၄ ရွာလောက်ရှိတယ်။ အဲဒီရွာက ပြည်သူတွေက လေကြောင်းတိုက်ခိုက်မှုတွေရှိတာနဲ့ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ အနေအထားရှိတယ်။ ဒုက္ခအရောက်ဆုံးကတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပဲ ဖြစ်ပါတယ်” လို့ ကန်ပက်လက်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုဒဏ်ကြောင့် ထွက်ပြေးနေရတဲ့ ကန်ပက်လက်မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေဟာ ယော၊ မကွေးနဲ့ အိန္ဒိယဘက်ကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ကန်ပက်လက်မှာဆိုရင် စစ်ဘေးရှောင်တွေက ကိုယ့်ရဲ့ဝမ်းစာကို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေ အများဆုံးရှိတယ်။ အဲဒါကြောင့် တောင်ယာခင်းတွေ ခုတ်တယ်။ ပြောင်းဖူးတွေ စိုက်ကြတယ်။ သူတို့ ပြောင်းဖူးတွေစိုက်တာလည်း ပြောင်းဖူးတွေ ပိုးကျပြီးမှ အခုချိန်ထိ ပြောင်းဖူးတွေလည်း အဆင်မပြေဘူး။ ဒီနှစ်က စစ်ရှောင်တွေ တော်တော်ဒုက္ခရောက်တယ်” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့တုန်းကလည်း အကြမ်းဖက်စစ်တပ်က ကန်ပက်လက်မြို့ကို ဂျက်ဖိုက်တာ ၃စီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၉ ရက်တွင် ကန်ပက်လက်မြို့တစ်နေရာကို စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့စဥ်နှင့် ကန်ပက်လက်မှ စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။
Read More

ရေးမြို့နယ် အခြေစိုက် ခမရ (၅၈၈) မှတပ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့် YGF ထံအလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး အကြမ်းဖက်စစ်တပ် စကခ (၁၉) လက်အောက်ခံ ခမရ (၅၈၈) တပ်ရင်းက တပ်သား (၃) ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် ရောက်လာတယ်လို့ ရေးပြောက်ကျားတပ် (YGF) က သတင်းထုတ်ပြန် ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသော အသက်မပြည့်သေးသူ (၁) ဦး အပါအဝင် (၅) ဦး KNLA ထံလက်နက်ချ

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရတဲ့ အသက်မပြည့်သေးသူ ၁ ယောက် အပါအဝင် (၅) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ဆီလက်နက်ချ ဘက်ပြောင်းခိုလှုံ ခဲ့တယ်လို့ ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ၎င်းတို့အာဏာဆက်လက်ရယူရေးအတွက် တရားမဝင်တဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့ NUCC နဲ့ NUG က ထုတ်ပြန်ကြေညာ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

၇ လအတွင်း စစ်အုပ်စုဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၆ ဦးနှင့် ဗိုလ် ၁ ဦးအပါ ၄၀၉ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း NUG ထုတ်ပြန်

၂၀၂၅ ခုနှစ် ပထမ ၇ လတာ ကာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်ထံကနေ ဗိုလ်မှူး ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၄၀၉ ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြကန်သာ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်၊ ပျူတစ်ယောက် သေကာ ကျန်တဲ့ပျူတွေကို စစ်ကောင်စီနဲ့ မပတ်သက်ဖို့ သတိပေး

ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၈)တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။