ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်မယ့် အပြင်မထွက် အသံတိတ် သပိတ်မှာ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ သပိတ်အင်အားစုတွေက အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အသံတိတ်သပိတ်ကို ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြပြီး “တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံးသော ဟစ်ကြွေးသံ” ဖြစ်တယ်လို့ သပိတ်အင်အားစုတွေက ဆိုထားပါတယ်။

Video-Anti-junta Forces Coordination Committee – Mandalay

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

“အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး အကြမ်းဖက်စစ်ကော်မရှင်ဟာ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပြီး ကျင်းပပြုလုပ်မယ့် အတုအ‌ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။
Read More

ကော့ကရိတ်မြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်ကျော် သေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား ၈ ယောက်ကျော် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်မြို့ဖက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာခဲ့ပြီး၊ ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။ နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရပါတယ်။
Read More

ရဲဘော် ဘသော်၏ ဈာပန (ရုပ်/သံ)

အာဠာဝကစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဖြူး-အုတ်ဖြတ်လမ်းမကို ထိန်းချုပ်ထားစဉ် အကြမ်းဖက်စစ်ကောင်စီရဲ့  လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၃၁ နှစ်အရွယ် တော်လှန်ရေး ရဲ‌ဘော်ဘသော် ကျဆုံးခဲ့ရပါတယ်။
Read More

ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄‌ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ညနေပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ Dawei National Libration Army ထံက သိရပါတယ်။
Read More

ရေဦးမြို့ ပျူစောထီးသင်တန်းဆင်းပွဲကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု နယ်ထိန်းရဲအပါအဝင် ၄ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ် ထွေအုပ်ရုံးအတွင်း နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပျူ စောထီးသင်တန်းဆင်းပွဲပြုလုပ်နေချိန် Fixed-Wing Drone တွေနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့ တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

မြောင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ အထိုင်ချရာ နေရာများကို Fixed wings ဒရုန်း ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို Fixed wings ဒရုန်း ၉ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။