စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ G2 အဆင့်ရှိ အရာရှိ စီးနင်းလာတဲ့ ယာဉ်တန်းနဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ G2 နဲ့ ဗိုလ် အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၇ ရက် ညပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိတွေ စီးနင်းလာတဲ့ ယာဉ်တန်းကို မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း မုံရွာမြို့ နမခ က G2 ဗိုလ်မှူးကြီး တင်ကို (စစ်ဘက်ရေးရာလုံခြုံရေးဌာန) ၊ မုံရွာမြို့တော်ခန်းမက (၃) ပွင့်ဗိုလ် စိုးမင်းဦး၊ မုံရွာမြို့အမှတ် (၁) ရဲစခန်း စစ်ကြောရေး အရာရှိ (၃)ပွင့်ဗိုလ်နဲ့ စစ်သား ၄ ယောက်ခန့် ထပ်မံသေဆုံးခဲ့ပြီး ယာဥ်မောင်းနဲ့ ဘေးကလိုက်ပါလာသူ နှစ်ယောက်သာ အသက်ရှင်ကာ ခြေထောက် ဖြတ်တောက်၊ ဂုတ်ရှပ်ထိမှန် စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဘိုးဘွားရိပ်သာ ဝိုင်းပတ်အနီးက စစ်တပ်ကင်းနဲ့ ပြည်ထောင်စု အင်းဖြတ်လမ်းအနီးက စစ်တပ်ကင်းပုန်းတွေ နှစ်ဖက်ညှပ်ကာ ပြန်လည်ဝိုင်းဝန်းပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို အရေးပေါ်ကားတစ်စီး နဲ့ စစ်ကူထွက်လာတဲ့ စစ်တပ်အိမ်စီးကား ၂၈ စီး၊ သံပြားကာကား ၁၀ စီး၊ ရဲကားကြီး ၂ စီး၊ ပွိုင့်ကား ၁ စီး၊ ပွိုင့် ၅ ပါကား ၂ စီး အပြင် နမခ က ပါရာမော်တာ စက်တပ်လေထီး ၁ စီး အပါအဝင် မအူဂိတ်နဲ့ တောရကျောင်းဂိတ်က လက်နက်ကြီးတွေနဲ့ စစ်ကူပစ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို Black Falcon ၊ DEmocratic Local Coalition (DLC) ၊ BLDF စစ်ဒေသ ( ၂ ) ၊ PLA ၊ Three Star ၊ သွေးသောက်ညီကိုတော်လှန်ရေးတပ်ဖွဲ့ ၊ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ ၊ Mon Ywa Undergrown Force ၊ Moe Hein Defense Force ၊ Liger Three ၊ Mon Ywa Brother Attack Force နဲ့ Golden Eagle အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video-Black Falcon Guerrilla Forces
0 Shares:
You May Also Like
Read More

ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ကလေးဒေသတော်လှန်ရေးတပ် (KRF) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန်ပိုက်တီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တရုတ်အာဏာပိုင်တွေက မူဆယ်နယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင် (ရုပ်/သံ)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက် မနေ့ညပိုင်းက မူဆယ်မြို့ နယ်ဂိတ်ကနေ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်တပ်ရဟတ်ယာဉ် ၃ စီးကို KIA ပစ်ချ၊ ၁ စီးပျက်ကျပြီး ၁ စီး အရေးပေါ် ဆင်းသက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ် ၃ စီးကို ဒီနေ့ မေလ ၂၀ ရက် နေ့လယ်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီး ၁ စီး အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၆ ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် -၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန် ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လာရောက်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း စစ်သားအလောင်းလာကောက်တဲ့ အကြမ်းဖက်စစ်တပ်စစ် ကြောင်း မိုင်းဆွဲခံရပြီး ၅ ယောက်သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ကားတချို့ ချောက်ထဲကျပြီး ၅ယောက် ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Ar Lar Wa Ka အဖွဲ့ထံက သိရပါတယ်။