နွေဦးတော်လှန်ရေးကာလ ၅ နှစ်နီးပါး ရောက်ရှိလာချိန်မှာ တချို့တွေ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း တော်လှန်ရေးကျင့်ဝတ်တွေနဲ့ လွဲချော်လာတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

“တော်လှန်ရေးအချိန်ကာလ ကြာမြှင့်လာတာနဲ့အမျှ တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ကြတဲ့အခါမှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေအပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေးကျင့်ဝတ်၊ စံနှုန်းတွေနဲ့ လွဲချော်လာတာကို တွေ့ရပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုက ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းရွက်နေကြတာဖြစ်ပါတယ်။ ရာထူးအာဏာဆိုတာ တာဝန်အတွက်သာ ဖြစ်ပါတယ်။ အာဏာစည်းစိမ်အတွက် မဟုတ်ပါဘူးဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်သူတွေအနေနဲ့ ဖက်ဆစ်စစ်တပ်ရဲ့ အမူအကျင့်တွေ ကူးစက်မခံရဖို့လိုပြီး တော်လှန်ရေးကိုယ်ခံအားကောင်းဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောကြားခဲ့ပါတယ်။

“နွေဦးတော်လှန်ရေးဟာ စစ်အုပ်စု ပြုတ်ကျသွားရေး၊ ဖက်ဆစ် စစ်တပ် ခေါင်းဆောင်တွေ ပြုတ်ကျသွားရေး သက်သက်မဟုတ်ဘူးဆိုတာ နားလည်စေချင်ပါတယ်။ စစ်အာဏာရှင်အတွေးအခေါ်၊ အမှုအကျင့်တွေအားလုံး အဆုံးသတ်သွားရေးထိ ရည်မှန်းတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဆစ် စစ်အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင်က ဖက်ဆစ်စစ်တပ် အမှုအကျင့်၊အတွေးအခေါ် လုပ်နည်းဟန်တွေ ကူးစက်မခံရဖို့ အရေးကြီးပါတယ်။ တော်လှန်ရေး ကိုယ်ခံအားကောင်းဖို့ အင်မတန်အရေးကြီးတယ်လို့ ကျနော်ပြောချင်ပါတယ်”
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်လက်အောက် လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေတဲ့ မြန်မာပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားရင်း အထက်ပါတိုင်း ပြောဆိုခဲ့တာပါ။

မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်အစိုးရ အဆက်ဆက်အောက်မှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ရသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အုံလိုက်ကျင်းလိုက် ခံစားနေရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“(စစ်အာဏာရှင်တွေက) ပြည်သူလူထုအားလုံးကို လူ့အခွင့်အရေးဆိုတာကို မစဉ်းစားနိုင်အောင်၊ ဒီမိုကရေစီဆိုတာကို မပြောရဲအောင် – ဖိနှိပ်ရေးယန္တရားကို အပြည့်အဝ အသက်သွင်းနေပါတယ်။ ပြည်သူလူထုဟာ စစ်အာဏာရှင်အစိုးရ အဆက်ဆက်အောက်မှာ လူသားဘဝ ပီသအောင် နေထိုင်ခွင့် မရခဲ့ကြတာတွေ့ရပါတယ်။ အခုလည်း အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ လေကြောင်းဗုံးကြဲမှုတွေကြားထဲမှာ၊ ပြည်သူပေါင်း သန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်” လို့ ဆိုပါတယ်။

စစ်အာဏာရှင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ဘယ်လိုမှ လက်မခံဘူးဆိုတာကို အသံတိတ်သပိတ် ဆင်နွှဲပြီး ပြသကြတဲ့ ပြည်သူလူထုအပေါင်းကို လေးစား ဦးညွှတ်ကြောင်းလည်း ယာယီသမ္မတက ပြောခဲ့ပါတယ်။

“ကျနော်တို့ ပြည်သူတွေဟာ အဘက်ဘက်က ကန့်သတ်တားဆီးမှုတွေကြားထဲမှာ ရုန်းကန်နေကြရပါတယ်။
ဒီလို ရုန်းကန်မှုတွေကြားထဲမှာ တခါတရံ မတရားမှုကို တားဆီးဖို့ ခွန်အားမဲ့နေတာတွေ ကြုံရလေ့ရှိပါတယ်။ ဒါပေမယ့် လက်တွေ့ ကာယကံမြောက် မတားဆီးနိုင်သေးရင်တောင်၊ ကျနော်တို့ဟာ ထုတ်ဖော်ကန့်ကွက်ဖို့ မပျက်ကွက်သင့်ဘူးလို့ ထင်ပါတယ်။ ကျနော်တို့အနေနဲ့ ပြည်သူတွေကြုံတွေ့နေရတဲ့ မတရားမှုတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ လေးနက်စွာတိုက်တွန်းလိုပါတယ်” လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ၉ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်တော်မြို့နယ်အတွင်း စစ်တပ်က အရပ်သားပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ယခုလပိုင်းများအတွင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာပါတယ်။ မနေ့ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၇ ယောက်သေဆုံးပြီ၊ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

ဦးလေးဖြစ်သူ စစ်ဗိုလ်ချုပ်ဟောင်း၏အရှိန်ဖြင့် အရပ်သားများအပေါ် ဖိနှိပ်ခဲ့သည့် ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်းထင်(ခ) ငလင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ခြင်းခတ်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယခင်စစ်ကောင်စီ ဝန်ကြီးဖြစ်ခဲ့သူ စစ်ဗိုလ်ချုပ်ဟောင်းစိုးမောင်၏တူ ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်းထင်(ခ) ငလင်း အပါအဝင် ပျူ (၁၀)ယောက်နီးပါးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကမောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅)ရက်နေ့ ညနေပိုင်းက ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူကားလမ်းဘေး ဆင်ချောင်ပျူရွာအတွင်း ခြင်းခတ်နေတဲ့ ပျူစောထီးတွေကို ပကဖတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အိန္ဒိယနှင့် မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့များ အသီးသီး ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

ချောက်မှာ မြေပဲနူတ်သွားတဲ့ ရွာခံအမျိုးသားတွေ ပေါ်တာဆွဲဖမ်းဆီးခံရ၊ စစ်အုပ်စုက အနီးအနားကျေးရွာတွေကို မျိုးစုံဖိနှိပ်ပြီး စစ်​ကြောင်းဝင်ဓားပြတိုက်နေ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြေပဲနုတ်သွားတဲ့အမျိုးသား ၁၈ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ရက် ၂၀ ကျော်လာချိန်အထိ မိသားစုနဲ့ အဆက်သွယ်လုပ်ခွင့်မပေးဘဲ တစ်နေရာဆီ ပို့ဆောင်လိုက်သလို ဒေသခံတွေကိုလည်း ဖိနှိပ်စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။