စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံကို 5/ Commando Force က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ ၂ရက်က ကျီးကုန်းကျေးရွာအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒေသခံ ပြည်သူ ၃ ယောက်ကို သတ်ခဲ့ပြီး ဒီဇင်ဘာ ၈ရက်မှာလည်း ကျီကုန်းကျေးရွာရှိ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

ကျီကုန်းကျေးရွာဟာ အိမ်ခြေထောင်ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျီကုန်းအနောက်ရွာမှာရှိတဲ့ အိမ်ခြေအားလုံးနီးပါး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

Video-5/ Commando Force
0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို အောက်တိုဘာ ၁၃ ရက် ညပိုင်းအချိန်က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်PDFစစ်ကြောင်း တပ်ရင်း(၉၀၁)ထံက သိရပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရမှု ရုပ်သံထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း အများအပြားဖမ်းဆီးရမိခဲ့တဲ့ ဘုတလင်မြို့နယ်က တိုက်ပွဲရုပ်သံကို ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု ကဒီနေ့ အောက်တိုဘာလ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်အုပ်စု၏ အဓမ္မပေါ်တာဆွဲခံထားရသည့် တပ်သား ၁ ဦး အလင်းဝင် (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းက တပ်သား ၁ ယောက် လက်ပံတန်းမြို့နယ်ပကဖအဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ကင်းပုန်းဝပ်ဖို့ ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် တစ်နေရာမှာ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ကင်းပုန်းဝပ်ဖို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီး အင်အား ၂၀ ခန့်ကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင် (LPDF) က ထုတ်ပြန်ထားပါတယ်။
Read More

အင်အား ၅၀ ခန့်ရှိ စစ်အုပ်စုနဲ့ ၇နာရီကျော်ကြာ တိုက်ပွဲဖြစ်၊ စစ်သား ၆ ယောက်သေကာ ပျူ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့ လေ့ကျင့်ရေး အမှတ် (၁၀) က ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၂၁) တပ်ရင်းထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု အထိုင်ချစခန်းများကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတပ်စွဲထားတဲ့ အထိုင်ချ စခန်းတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။