ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အသံတိတ်သပိတ်နဲ့အတူ မြို့ခံတွေက ဓာတ်ပုံကမ်ပိန်းအနေနဲ့လည်း ပါဝင်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ် လုပ်ဆောင်နေကြတာဖြစ်ပြီး ဒီလိုသပိတ်မှာ ပူးပေါင်းပါဝင်တဲ့ ဈေးဆိုင်တွေကို ထိရောက်စွာ အရေးယူမယ့်အကြောင်း မြို့အာဏာပိုင်တွေက စာတွေပို့ထားတယ်လို့ သိရပါတယ်။

အလားတူ ဈေးဆိုင်တွေကို စောင့်ကြည့်ဖို့လည်း အကြမ်းဖက်စစ်တပ်လက်အောက်ခံ အရပ်ဝတ် ရဲတွေ၊ စရဖတွေ၊ ပျူတွေကို ညွှန်ကြားစေခိုင်းထားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
0 Shares:
You May Also Like
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ယောဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထုနဲ့ ဆောတို့မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ယောဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ကိုထိန်လင်း၏ နယူးယောက်နှင့် ဘော်စတွန် ခရီးစဉ်ကနေ ထောက်ပံ့ငွေ ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိ၊ မြန်မာပြည်တွင်းရှိ လိုအပ်နေသည့်နေရာများကို ထောက်ပံ့သွားမည်…

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်အဲရစ်(ခ) ကိုထိန်လင်းရဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ နဲ့ ဘော်စတွန်မြို့ ခရီးစဉ်ကနေ အမေရိကန်ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိခဲ့တယ်လို့ ကိုထိန်လင်းက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

၂၀၂၅ အတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၀၀၀ ကျော် ရှိလာ

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံတွင် လူ ၃ ဦးမှာ ၁ ဦး အစာရေစာ ဝဝလင် မစားနိုင်တော့ … ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် လူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေတဲ့ နိုင်ငံဖြစ်လာ…

မြန်မာနိုင်ငံဟာ လူ ၃ ဦးမှာ ၁ ဦး အစာရေစာ ဝဝလင် မစားနိုင်တော့ဘူးလို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၆.၇ သန်းဟာ ဝမ်းရေး မဖူလုံမှုကို ရင်ဆိုင်နေရပြီဆိုတာကို ပြသနေပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပမာဏ ၁၃.၃ သန်းနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ တိုးမြင့်လာတာဖြစ်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ဆိုပါတယ်။
Read More

ရေဘေးအလှူဆိုပြီး PDF အယောင်ဆောင်ကာ ငွေကြေးကောက်ခံမှုတွေရှိနေ

ပဲခူးတိုင်းထဲမှာ ရေဘေးကို အကြောင်းပြပြီး ပဲခူးတိုင်းလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ PDF အယောင်ဆောင်ကာ ရွှေဆိုင်နဲ့ ရတနာဆိုင်တွေကို မသမာသူတွေက ချိန်းခြောက်စာတွေပို့ကာ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။