စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ငွေတွင်းပျူစခန်းကနေ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီး ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Ngwe Dwin Revolution Force က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၉ ရက် မနေ့က မနက်ပိုင်းမှာ ငွေတွင်းပျူစခန်းကနေ ညောင်ဒူးလေးကျေးရွာသို့ ရိက္ခာသယ် ထွက်လာတဲ့ ပျူစောထီး ၁၂ ယောက်ကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပျူခေါင်းဆောင် ကျော်ဆွေရဲ့ ညာလက်ရုံးအပါအဝင် ၈ ယောက်ကို စားနပ်ရိက္ခာတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ဆောင်ချက်ကို မုံရွာခရိုင် အမှက် ၂၁ တပ်ရင်း (တိုက်နယ် ၉) MRTF နဲ့ ရွာခံမဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Ngwe Dwin Revolution Force
0 Shares:
You May Also Like
Read More

သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပင်လုံမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ဈေးအရှေ့ဘက် အမှတ် ၁ ရပ်ကွက် ပညာတံခွန်လမ်းမှာ နေအိမ်မီးလောင်မှုဖြစ်ပွားရာ လူ ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

Y-12 လေယာဥ်များ အတက်အဆင်း လုပ်နေသည့် ပခုက္ကူလေဆိပ်ကို တော်လှန်ရေးတပ်များ ရော့ကတ်များ၊ လက်နက်ကြီးများဖြင့်တိုက်ခိုက် (ရုပ်/သံ)

စစ်ကောင်စီက တိုက်ခုက်ရေးနဲ့ ထောက်ပို့အတွက် အသုံးပြုနေတဲ့ Y-12  လေယာဥ်များ အတက်အဆင်းပြုလုပ်နေတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက လေဆိပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရော့ကတ်ကြီးများ၊ ၆၀မမ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Pakokku Special Task Force က ယမန်နေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့ လူနေရပ်ကွက်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းက TNLA သိမ်းပိုက်ထားတဲ့ ‌နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဒီနေ့ (စက်တင်ဘာ ၁၉ရက်) မနက် ၃ နာရီဝန်းကျင်ခန့်က ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် အထိနာကာ ကျေးရွာများကို ဝင်ရောက်မီးရှို့ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်က မဲဇလီရဲစခန်းနဲ့ မင်းဘူးမြို့နယ်က လက်ပတောစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။