စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ပျူစောထီး ၁ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် “သိမ်းငှက်စစ်ဆင်ရေး” အပြီး မော်လိုက်တပ်ရင်းတွေထံ အလင်းဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၅ယောက်အထိ ရှိလာကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်တွေက မော်လိုက်မြို့နယ်အတွင်းမှာရှိတဲ့ စစ်အုပ်စုစခန်းတွေကို “သိမ်းငှက်စစ်ဆင်ရေး” အမည်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လမှာ စတင်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ အချိန်ကစလို့ အခုစစ်ဆင်ရေးရပ်နားလိုက်တဲ့ အချိန်အထိ စစ်အုပ်စုဘက်ကနေ ထွက်ပြေးအလင်းဝင်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆင်ရေး ဖော်ဆောင်နေချိန်အတွင်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းက စစ်မှုထမ်းတပ်သား (ပစ) ၁ယောက်၊ မော်လိုက်မြို့နယ် ရွာသစ်နဲ့ နောင်ပိန်းရွာတွေက ပျူစောထီး ၂ယောက်နဲ့ ကြို့ကုန်းရွာ ဆယ်အိမ်ခေါင်းတို့ဟာ လက်နက်ခဲယမ်း ကိုယ်စီယူဆောင်ပြီး မော်လိုက်တပ်ရင်းတွေထံ အလင်းဝင် ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သိမ်းငှက်စစ်ဆင်ရေးကို တော်လှန်ရေးတပ်တွေဘက်က ရက်အကန့်သတ်မရှိ ရပ်နားလိုက်ချိန်မှာလည်း မော်လိုက်ခရိုင် တပ်ရင်းထံ ဟုမ္မလင်းမြို့နယ်က ပျူစောထီးတပ်ဖွဲ့ဝင် ၁ယောက်ဟာ လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး မော်လိုက်တပ်ရင်းတွေဆီ အလင်းဝင်ရောက်လာတယ်လို့ ပြောပါတယ်။

“နောက်ဆုံးဝင်လာတဲ့ ကိုမျိုးမင်းအောင်က ပျူစောထီးပါ။ မော်လိုက်က မဟုတ်ဘူး။ ဟုမ္မလင်းကပါ။ အဲ့ဒါ ဒီဇင်ဘာ ၇ရက်နေ့က ဝင်လာတာပါ။ ကြိုတင်ချိတ်ဆက်ထားတာမျိုးတော့ မရှိပါဘူး။ ကျနော်တို့ရှိတဲ့ဘက်ကို လက်နက်ယူပြီး ပြေးလာတာမျိုးပေါ့။
MA 1 သေနတ်နဲ့ ခဲယမ်းတွေပါလာပါတယ်။” လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေကို မော်လိုက်ခရိုင်တပ်ရင်း (၂) နဲ့ (၄) တို့က ဆုကြေးငွေ ၁ယောက် သိန်း ၅၀ စီ ပေးအပ်ကာ ထိန်းချုပ်နယ်မြေထဲ မိသားစုဆွေမျိုးတွေနဲ့အတူ နေထိုင်စေရင်း အလုပ်အကိုင်အခွင့်အလမ်းတွေပါ ပေးထားတယ်လို့ သိရပါတယ်။

“နောက်ထပ် မော်လိုက်တော်လှန်ရေးအင်အားစုတွေဆီ အလင်းဝင်ကြတာတွေရှိတယ်။ သတင်းရထားတယ်။ သူတို့ကိုလည်း ကြိုဆိုပါတယ်။” လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မော်လိုက်မြို့နယ်မှာ ပျူစောထီးနဲ့ စစ်အုပ်စု ပူးပေါင်းအထိုင်ချထားတဲ့ ကျေးရွာပေါင်း ၁၅ ရွာ နီးပါးရှိပြီး သိမ်းငှက်စစ်ဆင်ရေး လုပ်ဆောင်ခဲ့ချိန်အတွင်း ထော်သာ၊ တောင်းအင်၊ ညောင်ဝန်း၊ နားပင်၊ အော်ဇီးခုံနဲ့ နောင်ပိန်းရွာ စတဲ့ စစ်အုပ်စုစခန်းတွေကို မော်လိုက်တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိမှာ စစ်ဆင်ရေးကို အကန့်သတ်မရှိ ရပ်နားထားတယ်လို့ သိရပါတယ်။

ပုံစာ – သိမ်းငှက်စစ်ဆင်ရေးအတွင်းနှင့် ရပ်နားထားချိန်အတွင်း အလင်းဝင်ရောက်လာသူများ
0 Shares:
You May Also Like
Read More

ကပစ ၂၂ကနေ မြင်းခြံကိုသွားမယ့် စစ်ကားတွေ ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ မိုင်းဆွဲခံရပြီး စစ်သား ၆ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ မြင်းခြံမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ယောက် သေဆုံးကြောင်း Yenanthar Youth Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကပစ (၂၁) နှင့် ကပစ (၂၅) ကို သွယ်တန်းထားသော မီးလိုင်းအား တော်လှန်ရေးတပ်များ ဖျက်ဆီးနိုင်ခဲ့ 

မကွေးတိုင်းထဲက  စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) ကို သွယ်တန်းထားတဲ့ မီးတိုင် ၄ တိုင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း (၆) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောတိုက်နယ်တွင် ပြည်သူ့စစ်ဖွဲ့ခံရမှုမှ တိမ်းရှောင်လာသည့် နှစ်ရှည်စစ်ရှောင်များ ကူညီထောက်ပံ့မှု လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်ဖြည့်တင်းမှုနဲ့ ပြည်သူ့စစ်ဖွဲ့မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ရှောင် အရပ်သားတွေအတွက် အကူအညီ​ အထောက်အပံ့တွေလိုအပ်နေကြောင်း ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၁ယောက် PDF ထံ ထွက်ပြေးခိုလှုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့တော်ခန်းမမှာ တာဝန်ကျရင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို မုံရွာ ပကဖ ဆီ လွှဲပြောင်းအပ်နှံလိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။
Read More

မြင်းခြံမြို့နယ် ရေကြောင်းစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သင်္ဘောများကို တော်လှန်ရေးအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြိုန့ယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ် ဆိတ်ညံ‌ရေတင်ရုံးကို အကြမ်းဖက်စစ်သင်္ဘောတွေ ရောက်ရှိ ဆိုက်ကပ်ထားချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တာဝန်ရပ်စဲခံခဲ့ရသည့် ကနီမြို့နယ် လျှပ်စစ်စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံဟောင်း ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ တာဝန်ရပ်စဲခံခဲ့ရတဲ့ ကနီမြို့နယ် လျှပ်စစ် စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။