ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်းလင်းက ဒီက‌နေ့တောင်းဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာပြည်မှာတော့ လူ့ဂုဏ်သိက္ခာ၊ အမှန်တရား၊ တရားမျှတမှုတွေကို အကြမ်းဖက်အာဏာရှင်က နေ့စဉ် ချိုးဖျက်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
လက်ရှိချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အထီးကျန်စွာ မတရားချုပ်နှောင်ခံထားနေရဆဲဖြစ်ပြီး လူတိုင်းရရှိသင့်တဲ့ အခြေခံအခွင့်အရေးတွေ ကန့်သတ်ခံနေရဆဲဖြစ်တယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။

“ကျနော့်မေမေ ဒေါ်အောင်ဆန်းစုကြည်ဟာ အထီးကျန်စွာနဲ့ မတရားချုပ်နှောင်ခံနေရဆဲ၊ လူတိုင်းရရှိသင့်တဲ့ အခြေခံအခွင့်အရေးတွေ ကန့်သတ်ခံနေရဆဲဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးနှိပ်စက်ခံနေရတာ ကျောင်းတက်နေတဲ့ကလေးငယ်တွေ သတ်ဖြတ်ခံနေရတာ ပြည်သူတွေဟာ ကြောက်ရွံ့စွာနေထိုင်ရဆဲဖြစ်တဲ့ အခြေအနေဖြစ်တယ်” လို့ ကိုထိန်လင်းက ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တွေဟာ မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ချိုးနှိမ်လို့မရဘဲ နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ရဲ့မျှော်လင့်ချက်တွေကို လွှတ်မချလိုက်သလို မိဘတွေကလည်း သူတို့ရဲ့ကလေးတွေကို ကာကွယ်နေဆဲဖြစ်ပြီး လူငယ်တွေဟာ သူတို့ရဲ့အနာဂတ်ကောင်းတခုကို အိပ်မက်နေဆဲဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မတရားဖမ်းဆီးခံထားရသူ စုစုပေါင်း ၃၀,၀၉၉ ယောက်ရှိပြီး ထိန်းသိမ်းခံနေရသူ ၂၂,၆၈၅ ယောက်၊ မတရားထောင်ချခံထားရသူ ၁၁, ၄၁၉ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခြင်မှ ကူးစက်နိုင်သည့် ရောဂါများကို ကာကွယ်ရန် မြို့နယ် (၁၂) ခုမှ စစ်ရှောင်များနှင့် ဒေသခံများအတွက် ခြင်ထောင်များ AA ထောက်ပံ့၊ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးနေသည့် အဆောက်အဦးများတွင် ခြုံနွယ်များ ပေါများလာပြီး ခြင်များ ပိုမိုပေါက်ဖွားလာဟု ဆို

ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၂) မြို့နယ်မှာ ခြင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြင်ထောင်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်သမိုင်းမှာ နာမည်အပျက်ဆုံး ဖြစ်နေသူ မင်းအောင်လှိုင်က သူ့လူများကို စစ်တပ်အတွက် နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရန် ညွှန်ကြား …

“ကာကွယ်ရေးစွမ်းပကား တိုးတက်စေရေး ဆောင်ရွက်သွားဖို့အပါအဝင် မိမိကိုယ်ကိုကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ကာ နိုင်ငံတော်နဲ့ စစ်တပ်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် စစ်တပ်ကို နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရမယ်” လို့ တစ်နိုင်ငံလုံးလှည့်ပတ်ဗုံးကြဲပြီး ပြည်သူကို အကြမ်းဖက်နေနေတဲ့ မင်းအောင်လှိုင်က ခပ်တည်တည်တဲ့ ပြောဆိုသွားခဲ့တာပါ။
Read More

ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်စွဲထားသည့် မိုးဗြဲက ကတ်သလစ်ကျောင်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ၇ ဦး သေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်၊ မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကတ်သလစ် ဘုရားကျောင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး သေနတ် ၅ လက်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။
Read More

CDF – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပပြုလုပ်…

ချင်းပြည်နယ်တောင်ပိုင်းရှိ ကျင်‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း Chin Defence Force - Kanpetlet က ပထမဆုံးအကြိမ် စစ်သင်တန်းအဖြစ် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။