အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ကြံ့ခိုင်ရေးပါတီကိုနိုင်ပြီး အမတ်ဖြစ်လာနိုင်သူတချို့ကို စစ်အုပ်စုလက်ပါးစေ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်ပြီး၊ အနိုင်ရချေရှိနေတဲ့ ဦးတင်ထူးအောင်ကို စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းနေရာအတွက် တစ်သီးပုဂ္ဂအဖြစ် ဝင်ပြိုင်တဲ့ ဦးတင်ထူးအောင်ကို ‌ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဎ) ပါ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းတယ်ဆိုပြီး ‌ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို နိုဝင်ဘာလ ၂၁ ရက်မှာ စာနဲ့အ‌ကြောင်းကြားကာ ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ ၄င်းနဲ့နီးစပ်သူတချို့ဆီက သိရပါတယ်။

ပုဒ်မ ၁၀ ဎ ထဲမှာတော့ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့အဖွဲ့အစည်း/ လူပုဂ္ဂိုလ်၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နိုင်တဲ့ နိုင်ငံကိုလက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း (သို့) အဆိုပါအဖွဲ့အစည်းဝင်များနဲ့ ဆက်သွယ်မှုရှိတဲ့ အဖွဲ့အစည်း/ လူပုဂ္ဂိုလ်များကို ရွှေးကောက်ပွဲယှဥ်ပြိုင်ခွင့် ပိတ်ပင်တယ်လို့ အဓိကထား ဆိုထားတာပါ။

ကိုယ်စားလှယ်လောင်း ပယ်ဖျက်ခံရတာနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားတဲ့ ပရဟိတလုပ်ဆောင်သူ ဦးတင်ထူးအောင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တစ်စုံတစ်ရာရေးသား ဖော်ပြတာမျိုးမရှိသေးပါဘူး။

အကြမ်းဖက်စစ်အုပ်စု ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ လုပ်ပိုင်ခွင့်မှာ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲပြီးနောက်ပိုင်းအထိ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပယ်ဖျက်ပိုင်ခွင့်ရှိနေပြီး အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေကိုပါ ၄င်းတို့ပြဌါန်းထားတဲ့ မတရားဥပဒေများ အကြောင်းပြကာ ပယ်ဖျက်နိုင်စွမ်း ရှိနေတာဖြစ်ပါတယ်။

သိပ်မကြာသေးခင်ကလည်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၊ ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် အပါအဝင် ကိုယ်စားလှယ်လောင်း ၈၆ ယောက် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံထားရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Tin Htoo Aung Facebook

0 Shares:
You May Also Like
Read More

အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံး အလုံး ၂၀ ကြဲတိုက်ခိုက်ရာ ၈ ယောက်ထက်မနည်း ထိခိုက်မှု ရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုဆယ်အိမ်စုကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား (၈) ယောက်ထက်မနည်း ထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲတွင် စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ အရပ်သား ၂ သောင်းကျော် စစ်ရှောင်နေရ၊ အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်​ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၂၅ ရွာက အရပ်သား ၂သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲတွေရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းဖော်ပြပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KNDF အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) - အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြင်းခြံတွင်  စစ်အုပ်စု အထိုင်ဂိတ် ပြောက်ကျားတိုက်ခိုက်ခံရပြီး ၄ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က စစ်ကောင်စီအထိုင်ဂိတ်ကို ပြောက်ကျားပုံစံ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၄ယောက်သေဆုံးခဲ့ကြောင်း Myimgyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။
Read More

စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ပြည်သူတွေရှိရာ ကျေးရွာများတွင် စလင်း ပကဖ လှည့်လည်ဖျော်ဖြေခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။