ဒီဇင်ဘာ ၁၀ ရက်၊ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် Silent Strike ဆင်နွှဲနေကြတဲ့ ရန်ကုန်မြို့ရဲ့ လူသူရှင်းလင်းနေတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

“ငါတို့မြို့၊ ငါတို့ လှုပ်ချင်လှုပ်မယ်၊ ငါတို့ ငြိမ်ချင်ငြိမ်မယ်” ဆိုပြီး မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – AAMIJ
0 Shares:
You May Also Like
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြင်ဦးလွင်ခရိုင်၊ ၅၁၂ တပ်ရင်းရဲဘော်တွေကို တော်လှန်ပြည်သူတွေက နှစ်သစ်လက်ဆောင် မုန့်ဖိုးတွေ ပေးပို့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် ၁ စစ်ဒေသ၊ ပြင်ဦးလွင်ခရိုင်၊ အမှတ် ၅၁၂ တပ်ရင်းက ရဲဘော်တွေအတွက် တော်လှန်ပြည်သူတွေက နှစ်သစ်လက်ဆောင်မုန့်ဖိုးတွေ ပေးပို့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အဖြေလွှာများ မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမည့်ကိစ္စဟာ တာဝန်ယူမှုမရှိသည့် ဖြေရှင်းချက်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်

ပြီးခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့မှုအပေါ် စာမေးပွဲပြန်လည်ဖြေဆိုခိုင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိတဲ့ဖြေရှင်းချက် ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်က တစ်ရက်အတွင်း လက်နက်ကြီး (၁၂၇) လုံးနှင့် ဒရုန်းဖြင့် ဗုံး (၄၂) လုံး ပစ်ကူတိုက်ခိုက်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနဲ့ နားမိုင်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေရာ ဇူလိုင် ၇ ရက်နေ့၊ ၁ ရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၇) လုံး၊ ဒရုန်းနဲ့ ဗုံး (၄၂) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့နယ်တွင် ယနေ့မနက် အကြမ်းဖက်စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောင်နေစဉ် ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုကြောင့် တိုင်းပြည်က တည်ငြိမ်ဖို့ ခက်ခဲနေသည်ဟု မင်းအောင်လှိုင် ပြော

ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေစဉ် ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် တိုင်းပြည်က တည်ငြိမ်အေးချမ်းဖို့ ခက်ခဲနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။