စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ G2 အဆင့်ရှိ အရာရှိ စီးနင်းလာတဲ့ ယာဉ်တန်းနဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ G2 နဲ့ ဗိုလ် အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၇ ရက် ညပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိတွေ စီးနင်းလာတဲ့ ယာဉ်တန်းကို မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း မုံရွာမြို့ နမခ က G2 ဗိုလ်မှူးကြီး တင်ကို (စစ်ဘက်ရေးရာလုံခြုံရေးဌာန) ၊ မုံရွာမြို့တော်ခန်းမက (၃) ပွင့်ဗိုလ် စိုးမင်းဦး၊ မုံရွာမြို့အမှတ် (၁) ရဲစခန်း စစ်ကြောရေး အရာရှိ (၃)ပွင့်ဗိုလ်နဲ့ စစ်သား ၄ ယောက်ခန့် ထပ်မံသေဆုံးခဲ့ပြီး ယာဥ်မောင်းနဲ့ ဘေးကလိုက်ပါလာသူ နှစ်ယောက်သာ အသက်ရှင်ကာ ခြေထောက် ဖြတ်တောက်၊ ဂုတ်ရှပ်ထိမှန် စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဘိုးဘွားရိပ်သာ ဝိုင်းပတ်အနီးက စစ်တပ်ကင်းနဲ့ ပြည်ထောင်စု အင်းဖြတ်လမ်းအနီးက စစ်တပ်ကင်းပုန်းတွေ နှစ်ဖက်ညှပ်ကာ ပြန်လည်ဝိုင်းဝန်းပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို အရေးပေါ်ကားတစ်စီး နဲ့ စစ်ကူထွက်လာတဲ့ စစ်တပ်အိမ်စီးကား ၂၈ စီး၊ သံပြားကာကား ၁၀ စီး၊ ရဲကားကြီး ၂ စီး၊ ပွိုင့်ကား ၁ စီး၊ ပွိုင့် ၅ ပါကား ၂ စီး အပြင် နမခ က ပါရာမော်တာ စက်တပ်လေထီး ၁ စီး အပါအဝင် မအူဂိတ်နဲ့ တောရကျောင်းဂိတ်က လက်နက်ကြီးတွေနဲ့ စစ်ကူပစ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို Black Falcon ၊ DEmocratic Local Coalition (DLC) ၊ BLDF စစ်ဒေသ ( ၂ ) ၊ PLA ၊ Three Star ၊ သွေးသောက်ညီကိုတော်လှန်ရေးတပ်ဖွဲ့ ၊ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ ၊ Mon Ywa Undergrown Force ၊ Moe Hein Defense Force ၊ Liger Three ၊ Mon Ywa Brother Attack Force နဲ့ Golden Eagle အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video-Black Falcon Guerrilla Forces
0 Shares:
You May Also Like
Read More

ကျရာတာဝန် ထမ်းဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသည့် ရဲဘော်များ (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လာရောက်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း စစ်သားအလောင်းလာကောက်တဲ့ အကြမ်းဖက်စစ်တပ်စစ် ကြောင်း မိုင်းဆွဲခံရပြီး ၅ ယောက်သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။
Read More

ဆားလင်းကြီးလက်နက်ကြီးတပ်ပေါင်းစုက မြို့ပေါ်ရှိ စစ်စခန်း ၃ ခုကို ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်ညီနောင်များ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၉ ရက်က မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်စခန်း၊ ကံစွယ်ဘုန်းကြီးကျောင်းနဲ့ မြို့နယ်ခန်းမတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မံစီမြို့သိမ်းတိုက်ပွဲအတွင်း ABSDF ရဲဘော်တွေရဲ့ တိုက်ပွဲဝင်မှတ်တမ်း (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့က အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွေကို ABSDF ရဲဘော်တွေက တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ကျောင်းသားတပ်မတော် ABSDF က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကို အမှတ် ၁ စစ်ဒေသ ထုတ်ပြန်ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လယ်ဘူးမြို့ကို ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ၂ လနီးပါးတိုက်ခိုက်ပြီး အောက်တိုဘာ ၈ ရက်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသမှ ထုတ်ပြန်ထားပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တော်လှန်ရေး (၄) နှစ်ပြည့်အထိမ်းအမှတ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွမ်ဖေ၏ မိန့်ခွန်း (ရုပ်/သံ)

''ကျနော် မြို့နယ်မင်းတပ် လွတ်မြောက်ခြင်းဟာ ချင်းပြည်တစ်ခုလုံး လွတ်မြောက်ခြင်းမဟုတ်ပါဘူး။ ထို့အတူ မြန်မာနိုင်ငံတစ်ခုလုံး လွတ်မြောက်သေးတာလည်း မဟုတ်ပါဘူး။ ကျန်ရှိနေသေးတဲ့ အခြားမြို့တွေကိုလည်း အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီးတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ စနစ်တစ်ခုဆီကို သွားရမှာ ဖြစ်ပါတယ်။