နွေဦးတော်လှန်ရေးကာလ ၅ နှစ်နီးပါး ရောက်ရှိလာချိန်မှာ တချို့တွေ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း တော်လှန်ရေးကျင့်ဝတ်တွေနဲ့ လွဲချော်လာတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

“တော်လှန်ရေးအချိန်ကာလ ကြာမြှင့်လာတာနဲ့အမျှ တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ကြတဲ့အခါမှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေအပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေးကျင့်ဝတ်၊ စံနှုန်းတွေနဲ့ လွဲချော်လာတာကို တွေ့ရပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုက ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းရွက်နေကြတာဖြစ်ပါတယ်။ ရာထူးအာဏာဆိုတာ တာဝန်အတွက်သာ ဖြစ်ပါတယ်။ အာဏာစည်းစိမ်အတွက် မဟုတ်ပါဘူးဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်သူတွေအနေနဲ့ ဖက်ဆစ်စစ်တပ်ရဲ့ အမူအကျင့်တွေ ကူးစက်မခံရဖို့လိုပြီး တော်လှန်ရေးကိုယ်ခံအားကောင်းဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောကြားခဲ့ပါတယ်။

“နွေဦးတော်လှန်ရေးဟာ စစ်အုပ်စု ပြုတ်ကျသွားရေး၊ ဖက်ဆစ် စစ်တပ် ခေါင်းဆောင်တွေ ပြုတ်ကျသွားရေး သက်သက်မဟုတ်ဘူးဆိုတာ နားလည်စေချင်ပါတယ်။ စစ်အာဏာရှင်အတွေးအခေါ်၊ အမှုအကျင့်တွေအားလုံး အဆုံးသတ်သွားရေးထိ ရည်မှန်းတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဆစ် စစ်အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင်က ဖက်ဆစ်စစ်တပ် အမှုအကျင့်၊အတွေးအခေါ် လုပ်နည်းဟန်တွေ ကူးစက်မခံရဖို့ အရေးကြီးပါတယ်။ တော်လှန်ရေး ကိုယ်ခံအားကောင်းဖို့ အင်မတန်အရေးကြီးတယ်လို့ ကျနော်ပြောချင်ပါတယ်”
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်လက်အောက် လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေတဲ့ မြန်မာပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားရင်း အထက်ပါတိုင်း ပြောဆိုခဲ့တာပါ။

မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်အစိုးရ အဆက်ဆက်အောက်မှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ရသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အုံလိုက်ကျင်းလိုက် ခံစားနေရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“(စစ်အာဏာရှင်တွေက) ပြည်သူလူထုအားလုံးကို လူ့အခွင့်အရေးဆိုတာကို မစဉ်းစားနိုင်အောင်၊ ဒီမိုကရေစီဆိုတာကို မပြောရဲအောင် – ဖိနှိပ်ရေးယန္တရားကို အပြည့်အဝ အသက်သွင်းနေပါတယ်။ ပြည်သူလူထုဟာ စစ်အာဏာရှင်အစိုးရ အဆက်ဆက်အောက်မှာ လူသားဘဝ ပီသအောင် နေထိုင်ခွင့် မရခဲ့ကြတာတွေ့ရပါတယ်။ အခုလည်း အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ လေကြောင်းဗုံးကြဲမှုတွေကြားထဲမှာ၊ ပြည်သူပေါင်း သန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်” လို့ ဆိုပါတယ်။

စစ်အာဏာရှင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ဘယ်လိုမှ လက်မခံဘူးဆိုတာကို အသံတိတ်သပိတ် ဆင်နွှဲပြီး ပြသကြတဲ့ ပြည်သူလူထုအပေါင်းကို လေးစား ဦးညွှတ်ကြောင်းလည်း ယာယီသမ္မတက ပြောခဲ့ပါတယ်။

“ကျနော်တို့ ပြည်သူတွေဟာ အဘက်ဘက်က ကန့်သတ်တားဆီးမှုတွေကြားထဲမှာ ရုန်းကန်နေကြရပါတယ်။
ဒီလို ရုန်းကန်မှုတွေကြားထဲမှာ တခါတရံ မတရားမှုကို တားဆီးဖို့ ခွန်အားမဲ့နေတာတွေ ကြုံရလေ့ရှိပါတယ်။ ဒါပေမယ့် လက်တွေ့ ကာယကံမြောက် မတားဆီးနိုင်သေးရင်တောင်၊ ကျနော်တို့ဟာ ထုတ်ဖော်ကန့်ကွက်ဖို့ မပျက်ကွက်သင့်ဘူးလို့ ထင်ပါတယ်။ ကျနော်တို့အနေနဲ့ ပြည်သူတွေကြုံတွေ့နေရတဲ့ မတရားမှုတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ လေးနက်စွာတိုက်တွန်းလိုပါတယ်” လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းကို AA ထိုးစစ် အရှိန်မြှင့်နေ

အမ်းမြို့နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက စစ်ကောင်စီတပ်ရင်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။
Read More

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦးနဲ့ ရဲတပ်သားတစ်ဦး အလင်း၀င်

ရန်ကုန်နဲ့ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား၁ ဦး တို့လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သိရပါတယ်။
Read More

ကျန်းမာရေးမကောင်းသည့် စစ်ရှောင်မိန်းကလေးကို ရှမ်းနီ SNA တပ်သား အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။
Read More

“ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ” ဆောင်ပုဒ်ဖြင့် Research Conference 2025 ကို NUG ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနက ဦးစီးပြီး Research Conference 2025 ကို "ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ - မြန်မာ့အကျပ်အတည်း စိန်ခေါ်မှုများထဲမှ သုတေသနနှင့် တုံ့ပြန်မှု" ဆောင်ပုဒ်နဲ့ စက်တင်ဘာလ (၂၇) ရက်ကနေ (၂၉) ရက်အထိ အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်လာသည့် ရဲကားကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၂ ဦး သေပြီး လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ၊ ရဲကားကိုပါ မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား ၁ စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတနေရာမှာ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေးအတွက် ပင်ပန်းဆင်းရဲခံကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။