မကွေးတိုင်း၊ ချောက်-စလေလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ People Defense Force Chauk က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ချောက်-စလေလမ်းပိုင်းတစ်နေရာမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ယောက် သေဆုံးကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ချောက်ပကဖ၊ ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း၊ Burma Army နဲ့ Tiger Fighter အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-People Defense Force Chauk
0 Shares:
You May Also Like
Read More

နေပြည်တော် PDF နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ စစ်တပ် ပြန်လည်ဆုတ်ခွာ (ရုပ်/သံ)

နေပြည်တော် PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲအတွင်း ၆၀ မမ လက်နက်ကြီး ပစ်ကူပေးနေတဲ့ ရုပ်သံဖိုင်ကို တပ်ရင်း 805 - Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာခရိုင် စိုးမိုးနယ်မြေအတွင်း MPDF – DEMO တပ်ခွဲမှာ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်) သင်တန်းပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်း အမှတ်(၁) တပ်ရင်း (Demo) တပ်ခွဲရဲ့ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်)သင်တန်းကို မုံရွာခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စနစ်ဆိုးကို ဖြိုဖျက်ပြီး စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်၊ စစ်သား ၆ ဦးထက်မနည်း သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသကို အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ Launglone Peninsula Force တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေက ၄ ရက်ဆက် မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၂၀ ခန့် ဖျက်ဆီးခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် အင်အား ၂၀၀ ခန့်ဟာ အရပ်သားနေအိမ်တွေကို ၄ ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Battalion 1006 Pekhon People's Defence Force မှ သတင်းထုတ်ပြန်ထားပါတယ်။