အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော်သူးလေခရိုင်အတွင်း စစ် ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ဖို့ နှစ်ဝက်စာကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်နေတယ်လို့ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) က ဒီဇင်ဘာလ ၉ ရက်နေ့ ထုတ်ပြန်တဲ့ “အရှေ့ဘက် နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း” အစီရင်ခံစာမှာ ကော်သူးလေခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေနဲ့ စားနပ်ရိက္ခာလိုအပ်မှု အခြေအနေကို ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

အစီရင်ခံစာရဲ့ ဖော်ပြချက်အရ ကော်သူးလေခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၁ ဒဿမ ၂ သန်း ကျော်အတွက် (၆) လစာ ဆန်ထောက်ပံ့နိုင်ဖို့ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၁၁ သန်း ရှိနေတယ်လို့ သိရပါတယ်။

“ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) သည် ကော်သူးလေခရိုင်အားလုံးရှိ စစ်‌ရှောင်ပြည်သူ များအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီအား အရေးတကြီးတိုးမြှင့်ပေးရန် တောင်းခံနေ ပါသည်။ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၂၀၄၉၃၂ ဦး အတွက် ခြောက်လစာ ဆန်ထောက်ပံ့ပေးရန် ခန့်မှန်းခြေကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဖြစ်သည်” လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ကော်သူးလေဒေသမှာ တောတွင်းခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ နယ်စပ်ဖြတ်ကျော် အကူအညီက အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပြီး စစ်ဘေးရှောင်အများစုဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် နေရပ်မပြန်နိုင်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေဟာ အများအားဖြင့် တစ်နေ့ကို တစ်နပ်သာ စားနေရပြီး အငတ်ခံရတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော် အကူအညီဟာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် လိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့အတွက် အရေးပါပြီး ကရင်လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ လိုအပ်တဲ့ထောက်ပံ့မှုတွေကို တာဝန်ယူ ဆောင်ရွက်ပေးနေပေမယ့် အမေရိကန်ရဲ့ ရန်ပုံငွေ ဖြတ်တောက်မှုနဲ့ အလှူရှင်တချို့ရဲ့ ကန့်သတ်မှုတွေကြောင့် တချို့ ဒေသတွေမှာ ကူညီပေးနိုင်မှု လျော့ကျသွားတာလည်းရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

“ကရင်လူထု အခြေပြု အဖွဲ့အစည်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ကြားကာလနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၂၄ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ ပေးအပ်နိုင်မှု ပမာဏကို တိုးမြှင့်နိုင်ခဲ့ပြီး ခရိုင်ငါးခုအတွင်း၌ အကျိုးခံစားခွင့်ရှိသူ အရေအတွက် သိသိသာသာတိုးလာခဲ့သည်။ အဓိကအားဖြင့် အမေရိကန်၏ ရန်ပုံငွေ ဖြတ်တောက်မှုများနှင့် အချို့သော အလှူ ရှင်များ၏ ကန့်သတ်ချက်များကြောင့် ခလယ်လွီထူနှင့် ဘလိ-ထားဝယ်ဒေသများတွင်သာ အကူအညီ ဖြန့်ဖြူးမှု လျော့ကျသွားခဲ့သည်” လို့ KPSN ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ကော်သူးလေ နယ်မြေအတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို ကရင်ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာနနဲ့အတူ ကရင်ပြည်အတွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများ အကူအညီပေးရေးကော်မတီ၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူ ပြုကွန်ရက်၊ အခြားသောအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်း ကူညီထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – KPSN
0 Shares:
You May Also Like
Read More

ကာလရှည်စစ်ရှောင်နေသည့် ရွာအုပ်စုကို တပ်မ ၆၆ လက်အောက်ခံ တပ်များ ဝင်ရောက်မီးရှို့၊ နေအိမ် ၄၀ ကျော်နှင့် ဘုန်းကြီးကျောင်း ၁လုံး မီးလောင်ဆုံးရှုံးခဲ့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော်နဲ့ ဘုန်းတော်ကြီး ၁ကျောင်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းတွင် ကင်းလှည့်စစ်ကားနှင့် တော်လှန်တပ်များ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်

မကွေးတိုင်း၊ နတ်မောက် -ပျော်ဘွယ်လမ်းပိုင်းမှာ လမ်းပိုင်းစစ်ဆေးနေတဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စု ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်-နတ်မောက်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ၅ရက်နေ့ ညပိုင်းက နတ်မောက်မြို့နယ်၊ နတ်မောက်-ပျော်ဘွယ်လမ်းပိုင်း ဥယျာဉ်လမ်းပေါက်အနီးမှာ တောာ်လှန်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးလုပ်ဆောင်နေချိန် အကြမ်းဖက်စစ်တပ်ကားနဲ့ ထိပ်တိုက်တိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

KNU မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးနှစ်ပတ်လည်အစည်းအဝေး ပြုလုပ်၊ လူငယ်နှင့် နိုင်ငံရေးအခန်းကဏ္ဍ၊ လူငယ်နှင့်တော်လှန်ရေး အခန်းကဏ္ဍ၊ လူငယ်နှင့်အမျိုးသားရေးအခန်းကဏ္ဍများ ဆွေးနွေးခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မြိတ်ထားဝယ်ခရိုင်မှာ ဇူလိုင်လ(၁၀)ရက် မနေ့က မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်မှ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုထဲက စစ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြဝတီက ပျူစောထီးခေါင်းဆောင် KNDP ပါတီ အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံ 

ကရင်ပြည်နယ်၊ မြဝတီမြို့က ပြည်သူတွေကို လက်နက်ပြ အနိုင်ကျင့်တာတွေ လုပ်လေ့ရှိတဲ့ ပျူစောထီးခေါင်းဆောင် အေးမင်းထွန်း (ခ) သူရိန်မင်းထွန်းဆိုသူဟာ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) အမတ်လောင်း၊ ဗမာတိုင်းရင်းသားကိုယ်စားလှယ်အဖြစ် စစ်အုပ်စု ကျင်းပသွားမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ 
Read More

ရေဦးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆လသား နဲ့ ၆နှစ်အရွယ် ကလေးငယ်တွေအပါ ၃ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆လသား ကလေးငယ်အပါအဝင် ၃ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။