အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ဖြန်ကျင်းပမယ့် အသံတိတ်သပိတ် ( Silent ) ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ခိုင်ခိုင်မာမာ သပိတ်မှောက်ကြောင်းဖော်ထုတ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်းအားစု (GSCB) ဦးဆောင်တဲ့ Silent Strike Nationwide Call ကို မနက် ၁၀ – ညနေ ၃ အထိ ပြည်သူတစ်ရပ်လုံး လှည်းနေလှေအောင်းမြင်း‌ဇောင်းမကျန် အားလုံးတစ်ညီတညွတ်တည်း ပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လေးစားစွာ တိုက်တွန်းပန်ကြားလိုက်ပါတယ်လို့လည်း ဆိုပါတယ်။

“အရင်အသံတိတ်သပိတ်တွေမှာ တိတ်ဆိတ်ခြင်းက အကျယ်လောင်ဆုံးဟစ်ကြွေးသံဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ကို ကျွန်တော်တို့ပြည်သူတွေက အံ့တုခဲ့ကြသလို၊ အခုချိန်မှာလည်း စစ်အုပ်စုရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးက ခိုင်ခိုင်မာမာသပိတ်မှောက်ကြောင်းကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထပ်မံပြောဆိုပါတယ်။
အလားတူဒီရွေးကောက်ပွဲက လူထုဆန္ဒ လုံးဝပါဘူးဆိုတာ သေချာအောင်ဖော်ထုတ်ပြသရမှာဖြစ်သလို စစ်အုပ်စုရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို လူထုတိုက်ပွဲနည်းနဲ့ ရိုက်ချိုးခြင်းအားဖြင့် သူတို့ရွေးကောက်ပွဲက တရားဝင်မှုမရှိတဲ့ ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာသိရှိသွားလိမ့်မယ်လို့ ၎င်းက ဆက်လက်ပြောဆိုပါတယ်။

ဒါ့အပြင် “ဒီတော်လှန်ရေးတစ်လျှောက် ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေ ဖော်ဆောင်ခဲ့ကြတဲ့သပိတ်ဟာ အင်မတန်ကြီးမားတဲ့ လူထုလှုပ်ရှားမှုနည်းလမ်းတစ်ခုဖြစ်လို့ ကမ္ဘာကမြင်အောင် စစ်အုပ်စုသိအောင်ထုတ်ဖော်ပြသလိုက်ကြဖို့ အလေးအနက်တိုက်တွန်းချင်ပါတယ်”
“ဒီအသံတိတ်သပိတ်ဟာ တောင်တန်းမြေပြန့်မခွဲခြားပဲ နိုင်ငံသားညီကိုမောင်နှမများအားလုံး စည်းလုံးညီညွတ်စွာပါဝင်မှုနဲ့ အာဏာရှင်စနစ်ဟူသမျှမုချကျဆုံးစေပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် မုချ တည်ဆောက်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာစွာထပ်လောင်းအတည်ပြုလိုက်တာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူက ပျူစောထီး ၂ ဦး မိသားစုကို ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) တည်ထောင်ခြင်း ၃၆ နှစ်ပြည့်ကို CRPH က သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH  က သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

ရေဦး PDF အတွက် လိုအပ်နေတဲ့ ကျည်ကာ၀တ်စုံတွေ ထောက်ပံ့ပေးအပ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ Women, Peace and Security (WPS) သင်တန်း ကျင်းပခဲ့ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF (ကျောင်းသားတပ်မတော်) ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းရှိ ရဲဘော်တွေအတွက် ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်မှာ Women, Peace and Security (WPS) သင်တန်း ကျင်းပခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။