လုံခြုံရေးတင်းကြပ်တဲ့ မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ်ကို ပုန်ကန်အံတုကာ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုး အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ မနက်က မန္တလေး ဈေးချိုအနီးမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကြောင်းနဲ့ ဒီနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ကြမယ့် အသံတိတ်သပိတ်မှာ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းခဲ့တဲ့ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြက်အောင်၊ ရွှန်းရွှန်းနဲ့ ချီချီတို့ အပါအဝင် လူ ၁၀ ယောက်ကို စစ်တပ်က ချမ်းအေးသာစံ အမှတ် (၆) နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ပျက်ပြားစေအောင် လူစုလူဝေးနဲ့ လှုံ့ဆော်တယ်ဆိုပြီး ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ) နဲ့ အမှုဖွင့်ထားတာဖြစ်ကာ အဆိုပါ ပုဒ်မအရ ထောင်ဒဏ် ၅နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကော်မရှင် နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲအတုကို သူတို့စိတ်ကြိုက် ကျင်းပဖို့ စီစဥ်နေတာဖြစ်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ကြွေးကြော်နေသည့်တိုင် အဆိုပါ အတုအယောင် ရွေးကောက်ပွဲကို အနည်းငယ် ဝေဖန်မိရုံနဲ့ ပြည်သူတွေကို ဖမ်းဆီး အမှုဖွင့် အရေးယူနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ပြည်သူတွေအားလုံး မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အပြင်မထွက် အသံတိတ်သပိတ် ဆင်နွှဲကြဖို့ ဒေါက်တာတေဇာဆန်းတို့အဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်မှာ “ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025“ စာသားပါ ရုပ်ပုံများ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်း ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကောင်စီတပ်တွေ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ တော်လှန်လူငယ်တွေက “ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025“ စာသားပါ ရုပ်ပုံတွေ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂) ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်၊ အရာရှိ တစ်ဦးအပါ စစ်တပ်က ၁၅ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက အကြမ်းဖက်စစ်‌ကောင်စီ စခန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သာဂရမြို့ဟောင်းက မြို့ရိုးတွေ ဖြိုချနေမှုမှာ ဗထူးတပ်မတော် ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုမှုတွေရှိနေ၊ စွပ်စွဲမှုတွေအပေါ် ဗထူးတပ်မတော် ငြင်းဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က နှစ် တစ်ထောင် သက်တမ်းရှိ ထားဝယ်ရှေးဟောင်းအမွေအနှစ် သာဂရမြို့ဟောင်း၊ မြို့ရိုးတွေကို စက်ယန္တရားသုံးဖြိုချနေတဲ့ အပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။
Read More

တောင်သာတွင် တပ်မ ၉၉ စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ၊ လက်နက်ချရန် ကြိုးစားသူများကိုလည်း စစ်တပ်က အချင်းချင်း ပြန်ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ တပ်မ ၉၉ စစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အယောက် ၃၀ ကျော် သေဆုံးပြီး လက်နက်ချဖို့ ကြိုးစားသူတွေကိုလည်း စစ်တပ်က အချင်းချင်း ပြန်လည်ပစ်သတ်ခဲ့ကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။