စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ G2 အဆင့်ရှိ အရာရှိ စီးနင်းလာတဲ့ ယာဉ်တန်းနဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ G2 နဲ့ ဗိုလ် အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၇ ရက် ညပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိတွေ စီးနင်းလာတဲ့ ယာဉ်တန်းကို မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း မုံရွာမြို့ နမခ က G2 ဗိုလ်မှူးကြီး တင်ကို (စစ်ဘက်ရေးရာလုံခြုံရေးဌာန) ၊ မုံရွာမြို့တော်ခန်းမက (၃) ပွင့်ဗိုလ် စိုးမင်းဦး၊ မုံရွာမြို့အမှတ် (၁) ရဲစခန်း စစ်ကြောရေး အရာရှိ (၃)ပွင့်ဗိုလ်နဲ့ စစ်သား ၄ ယောက်ခန့် ထပ်မံသေဆုံးခဲ့ပြီး ယာဥ်မောင်းနဲ့ ဘေးကလိုက်ပါလာသူ နှစ်ယောက်သာ အသက်ရှင်ကာ ခြေထောက် ဖြတ်တောက်၊ ဂုတ်ရှပ်ထိမှန် စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဘိုးဘွားရိပ်သာ ဝိုင်းပတ်အနီးက စစ်တပ်ကင်းနဲ့ ပြည်ထောင်စု အင်းဖြတ်လမ်းအနီးက စစ်တပ်ကင်းပုန်းတွေ နှစ်ဖက်ညှပ်ကာ ပြန်လည်ဝိုင်းဝန်းပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို အရေးပေါ်ကားတစ်စီး နဲ့ စစ်ကူထွက်လာတဲ့ စစ်တပ်အိမ်စီးကား ၂၈ စီး၊ သံပြားကာကား ၁၀ စီး၊ ရဲကားကြီး ၂ စီး၊ ပွိုင့်ကား ၁ စီး၊ ပွိုင့် ၅ ပါကား ၂ စီး အပြင် နမခ က ပါရာမော်တာ စက်တပ်လေထီး ၁ စီး အပါအဝင် မအူဂိတ်နဲ့ တောရကျောင်းဂိတ်က လက်နက်ကြီးတွေနဲ့ စစ်ကူပစ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို Black Falcon ၊ DEmocratic Local Coalition (DLC) ၊ BLDF စစ်ဒေသ ( ၂ ) ၊ PLA ၊ Three Star ၊ သွေးသောက်ညီကိုတော်လှန်ရေးတပ်ဖွဲ့ ၊ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ ၊ Mon Ywa Undergrown Force ၊ Moe Hein Defense Force ၊ Liger Three ၊ Mon Ywa Brother Attack Force နဲ့ Golden Eagle အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video-Black Falcon Guerrilla Forces
0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် ဝက်ပုတ်ရွာနှင့် ဆိပ်သာရွာအကြား စစ်‌ကော်မရှင်တပ်သားများ မိုင်းနင်းမိပြီး အများအပြားထိခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာနဲ့ ဆိပ်သာရွာကြားမှာ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး အများအပြားထိခိုက်မှုရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးကြောင့် ရုရှား ဗုံးကြဲလေယာဉ်များအပါအဝင် လေယာဉ် ၄၁ စင်း ပျက်စီး (ရုပ်/သံ)

ရုရှားနိုင်ငံရဲ့ လေတပ်နဲ့ လေဆိပ်တွေအနီးမှာ ယူကရိန်းက ကြိုတင်စီစဉ်ထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုရှားရဲ့ ဗုံးကြဲလေယာဉ်တွေအပါအဝင် လေယာဉ် ၄၁ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းမှ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အကောင်းအတိုင်း သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကနေ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အကောင်းအတိုင်း သိမ်းဆည်းရရှိခဲ့တယ်လို့ BPLA ကွပ်ကဲ​ရေးမှူး​ မောင်​ဆောင်းခက လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

မြစ်ကြီးနားမြို့ ရွှေဆိုင် သေနတ်ပြ ခြိမ်းခြောက် ဓားပြတိုက်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ‌ရွှေဆန်းလီရွှေဆိုင်ကို သေနတ်ကိုင်ဆောင်သူ ၃ ယောက်က ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ 
Read More

ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်းထောင်လေးများ၏ တော်လှန်သင်္ကြန်သံချပ် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ခြင်းခံခဲ့ရတဲ့ မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်း‌ထောင်လေးများရဲ့ တော်လှန်သင်္ကြန်သံချပ်ကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

မြေတူးယာဉ်ကို အကာအကွယ်များ တပ်ဆင်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

တော်လှန်ရေးရဲဘော်တွေဟာ ကွင်းပြင်တစ်ခုအတွင်း ရန်သူရဲ့ စခန်းတစ်ခုကို တိုက်ခိုက်ဖို့အတွက် မြေတူးယာဉ်ကို အကာအကွယ်ယူ တိုက်ပွဲဝင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို Union Liberation Front - ULF V 02 က ထုတ်ပြန်ထားပါတယ်။