မန္တလေးတိုင်း တောင်သာမြိုပေါ်ကနေ သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်၃တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၇ ရက်က တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ပြင်ထားနေရာသို့ အရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆင်သင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားအများအပြား အတုံးအရုန်းသေဆုံးခဲ့ပြီး အထိနာကာ နောက်မှာ အသင့်ပါလာတဲ့ စစ်ကြောင်းက သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တော် လှန် ရေးရဲဘော်တွေ ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ သာယာကြီးရွာနဲ့ အင်းတဲရွာဘက်သို့ ဝင် ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားတွေကို ကား ၃ စီးအသုံးပြုကာ သယ်ဆောင် သွားကြောင်း သိရပါတယ်။

Video-မြင်းခြံခရိုင်အမှတ်၃တပ်ရင်း

0 Shares:
You May Also Like
Read More

မန္တလေးမြို့ ဘီကျင်းဟိုတယ် အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သားအမိ ၂ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၄x၂၉ လမ်းထောင့်ရှိ ဘီကျင်းဟိုတယ် အဆောက်အအုံပြိုကျမှုအတွင်း ပိတ်မိနေတဲ့ မိခင်နဲ့ ကလေးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

သင်္ကြန်အကျနေ့ သနပ်ပင်ဇင်းရွာကို ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၂ စီးကို ပစ်ခတ်မှု လေထီး မောင်းသူ ၁ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် သနပ်ပင်ဇင်းရွာကို ဧပြီ ၁၄ ရက် နံနက်ပိုင်းက ဗုံးလာကြဲတဲ့ အကြမ်း ဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးယာဉ် ၂ စီးကို ပကဖစုဖွဲ့မှုတပ် (ပေါက်၊ မြိုင်၊ ကမ္မ) လက်နက် ကြီးတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေထီးမောင်းသူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

မအူပင်မြို့တွင် ဆီဆိုင်မီးလောင်မှုကြောင့် အမျိုးသား တဦး သေဆုံး (ရုပ်/သံ)

ဧရာဝတီတိုင်း မအူပင်မြို့အမှတ် (၅) ရပ်ကွက်၊ (၇)လမ်းရှိ စက်သုံးဆီအရောင်းဆိုင်မှာ မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား ၁ ယောက် သေဆုံးကာ ၅ ယောက် မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

မြောင်မြို့ပြင်မှာ အကြမ်းဖက်စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် စက်တပ်လေထီး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မြို့ပြင်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စက်တပ်လေထီး၊ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေကို ပျက်စီးမှုကာ ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် PDF ရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်စစ်ဆင်ရေးတွင် KIA နှင့်အတူ ဗမာ့တပ်တော်ရဲဘော်များ ပါဝင်တိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်စစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်မှုနဲ့အတူ ဗမာ့တပ်တော်ရဲဘော်တွေ ပါဝင်တိုက်ခိုက်နေတဲ့ ရုပ်သံမှတ်တမ်းကို ဗမာ့တပ်တော် BAMAR ARMY က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။