စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နဲ့ အနီးတဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရန်ကနေ ပြည်သူတွေရဲ့ နေအိမ်တွေကို မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၃၀၁၁ က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ပုလဲမြို့ထဲကနေ ထွက်ခွာလာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းဟာ ပုလဲမြို့အနောက်ဖက်၊ မြောက်ဖက်နဲ့ အရှေ့မြောက်ဖက်က အနီးဆုံးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို စစ်ကြောင်းထိုးလာချိန်မှာ လုံလောက်တဲ့ လက်နက်ခဲယမ်းတွေ မရှိတဲ့အပြင် ကျပ်တည်းနေတဲ့ အခြေအနေတွေ၊ ရံပုံငွေ လုံးဝပြတ်တောက်နေတာတွေကြောင့် အကြမ်းဖက် စစ်တပ်စစ်ကြောင်းထံက အကာကွယ်မပေးနိုင်ခဲ့ဘူးလို့ ဆိုထားပါတယ်။

“စစ်ကြောင်းက ၄ ရက်လောက်ကြာတယ်။ အိုးအိမ်ပျက်စီးမှုတော့ မရှိပါဘူး။ ပြည်သူတွေကိုလည်း စစ်ကြောင်း ၃ ကြောင်း ခွဲထိုးပြီး ဝိုင်းတာတွေရှိပါတယ်” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀၁၁၊ ကျားသစ်နက်တပ်မတော် တာဝန်ရှိသူ ကိုဥက္ကာက မောင်းကို ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေအနေနဲ့ အခက်အခဲတွေကြောင့် ပြည်သူကို အကာအကွယ် မပေးနိုင်ခဲ့ပေမယ့် စစ်ကြောင်းသတင်းတွေကို အနီးကပ်ထောက်လှမ်းပြီး ပြည်သူတွေ ရှောင်ရန်၊ ဆောင်ရန်တွေကို ပြန်ကြားရေး သတင်းဌာန ထားရှိကာ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းတွေကို သိရှိနိုင်ဖို့ ပြန်ကြားရေးသတင်းဌာနရဲ့ Icon ကုဒ်တွေကို နီးစပ်ရာ ပအဖ/ ပကဖ တွေထံကနေ တောင်းယူနားထောင်ကြဖို့နဲ့ စစ်ရေးသတိ စစ်ရေးအသိနဲ့ နေထိုင်ပေးကြဖို့ အသိပေးထားပါတယ်။

“စစ်ကြောင်းက ပုလဲမြို့ထဲပြန်ဝင်သွားပြီ။ စစ်သဘော‌တရားအရ မနေု့ညက ကျနော်တို့က စစ်ကြောင်းကို ပြန်ခေါ်တဲ့အနေနဲ့ ၈၀ မမနဲ့ ရဲစခန်းထဲကို ပစ်လွှတ်တာရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့လုပ်နိုင်တာ လုပ်ခဲ့ပါတယ်။ အပြည့်အဝ အကာအကွယ် မပေးနိုင်ခဲ့တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့အနေနဲ့ အနူးအညွှတ်တောင်းပန်ပါတယ်” လို့ ကိုဥက္ကာက ဆက်ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူမြို့မှာ အရပ်ဘက်သုံးကားနဲ့ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်ရာ ၄ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ Shwe Nyar Myae PDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်အတွက် အသွင်ယူ သတင်းပေး​နေတဲ့ ပျူ ၁ယောက် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီအတွက် အသွင်ယူသတင်းပေးနေတဲ့ ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခ​တ်ရှင်းလင်းခဲ့ကြောင်း Dragon Brothers (GBK-PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာ စစ်တပ်ဂိတ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ဖြူးပကဖ ကျဆုံးရဲဘော် ရဲ့ စျာပနကို ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံ သွားရောက် ဦးညွှတ်ဂုဏ်ပြု

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ရဲဘော်ရဲ့ စျာပနကို ပဲခူးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ သွားရောက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်၏ မိုင်းထောင်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦး ထိခိုက် ဒဏ်ရာရရှိ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထု အသုံးပြုတဲ့ လမ်းတွေမှာ မိုင်းထောင်ထားတာ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း၏ အခြေခံစစ်ရေးသင်တန်းဆင်းပွဲနှင့် တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား

ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာန ၊ ရှမ်းတောင်စစ်ဒေသ စစ်နည်းဗျူဟာအမှတ် (၁၄) ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်း ရဲ့ တပ်ရင်း အခြေခံစစ်ရေးသင်တန်းဆင်းပွဲ နဲ့ တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။