မကွေးတိုင်း၊ ချောက်-စလေလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ People Defense Force Chauk က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ချောက်-စလေလမ်းပိုင်းတစ်နေရာမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ယောက် သေဆုံးကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ချောက်ပကဖ၊ ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း၊ Burma Army နဲ့ Tiger Fighter အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-People Defense Force Chauk
0 Shares:
You May Also Like
Read More

ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ အနီးကပ်တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပျဉ်းမနားတွင် ရွှေဆိုင်ကို သေနတ်အတုဖြင့် ဓားပြတိုက်သူ ၂ ဦးကို ပြည်သူများ ဖမ်းမိ (ရုပ်/သံ)

နေပြည်‌တော်နယ်မြေ ပျဉ်းမနားမြို့မှာ ရောင်နီဦးရွှေဆိုင်ကို သေနတ်အတုနဲ့ ဓားပြတိုက်သူ ၃ ယောက်ကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရာ ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ဘုတလင်မြို့ပေါ်ရှိ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်များ ပိတ်ဆို့ဝန်းရံထား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ခဲယမ်းမလုံလောက်မှုကြောင့် မြို့ကို စွန့်ခွာကာ မြို့ပြင်ကနေ ပိတ်ဆို့ ဝန်းရံထားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ငဖဲတွင် လက်နက်ခဲယမ်းသယ်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၇ ဦး သေပြီး သေနတ် ၄ လက် ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Asho ထံက သိရပါတယ်။
Read More

မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်တိုင်း ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၁၁ ရက် မနေ့ညပိုင်းက ၄၀ မမ ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF အဖွဲ့ထံက သိရပါတယ်။