ရန်ကုန်မြို့ရဲ့ လူစည်းကားရာနေရာဖြစ်တဲ့ လှည်းတန်းစျေးအနီးမှာ အကြမ်းဖက်စစ်တပ်က ပြုလုပ် မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး Bluetooth ဖြင့် ချိတ်ဆက်ထားတဲ့ Speaker Box အသုံးပြုပြီး ဆန္ဒပြခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း၊ CDM စီစဉ်တင်ဆက်သူ ကိုကျော်သက်လင်းတိုရဲ့ ပြောစကားတွေကို Speaker ဖြင့် ဖွင့်ပြီး ဆန္ဒပြ ခဲ့ပါတယ်။

Speaker မှာ Bluetooth ဖြင့် ချိတ်ဆက်ထားတဲ့ ကင်မရာတပ်ဆင်ထားတဲ့အတွက် စစ်သားနဲ့ ရဲတွေက လူသွားလမ်းလာတွေကို မောင်းထုတ်နေပုံ၊ Speaker ကို လာရောက်ဖြုတ်ယူတဲ့ စစ်ကော် မရှင်လက်အောက်ခံတွေကို ဆဲဆိုခဲ့ရာ အပြန်အလှန်ဆဲဆိုမှုတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဉာဏ်သတိဖြင့် ဆန့်ကျင် တော်လှန်ရေးပြီး မဲသွားမပေးကြဖို့နဲ့ မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် “Silent Strike – အသံတိတ်သပိတ်” မှာလည်း ပူးပေါင်းပါဝင်ပေးကြဖို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ မေတ္တာရပ်ခံထားပါတယ်။

Video-ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးရင်း ရေထဲပစ်ချသွားတဲ့ လက်နက်တွေကို တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆယ်ယူ (ရုပ်/သံ)

ကချင်ပြည်နယ် အထူးဒေသ ၁ တရုတ်-မြန်မာ ကန်ဖန့်ရွာကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်တွေ ရေထဲပစ်ချသွားတဲ့ လက်နက်တွေကို ပြန်လည်ဆယ်ယူခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စလင်းမြို့ တ‌ညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် တညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ချောက်မြို့နယ်အတွင်း PDF ရဲဘော်များက ပြည်သူများ သွားလာရေးအဆင်ပြေစေဖို့ လမ်းများအား ပြင်ဆင်ပေး (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးမဖော်ဆောင်သော်လည်း ပြည်သူလူထုအသုံးပြုနေတဲ့ လမ်းပိုင်းများအား ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ တယ်လို့ ပကဖအသံက နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပကဖ အဖွဲ့တွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းထားရှိပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်လျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။
Read More

မုန်းမြို့တွင် အရပ်သား ၁ ဦး ထင်းခွေးရင်း မိုင်းနင်းမိ သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ အရပ်သား ၁ ယောက် တောထဲ ထင်းခွေရင်း မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်သူတွေထံက သိရပါတယ်။
Read More

ကိုရီးယားနိုင်ငံတွင် ၈ လေးလုံး ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်ပြုလုပ် (ရုပ်/သံ)

(၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာထီးသပိတ်လှုပ်ရှားမှုကို ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေ လေကြောင်းရန် အထူးသတိပြုဖို့ SAF အသိပေး (ရုပ်/သံ)

နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကို ပြည်သူတွေ ကာကွယ်နိုင်ရေးအတွက် အသိပညာပေး သတင်းစကားတစ်ရပ်ကို ကျောင်းသားလက်ရုံးတပ်တော် SAF ရဲ့ ရဲဘော်တစ်ယောက်ဖြစ်တဲ့ ဟန်နီနွေဦးက ပြောကြားခဲ့ပါတယ်။