မကြာခင်ကျင်းပတော့မယ့် စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မကွေးတိုင်း၊ သရက်မြို့ကနေ နယ်မြေထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
ဒီဇင်ဘာ ၈ ရက်နေ့မှာ သရက်မြို့က ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်အုပ်စုနဲ့ ကံမမြို့နယ် ရေနံ့သာရဲကင်းစခန်းကနေ အင်အား ၄၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်သားတွေဟာ သရက်-ကံမ လမ်းပိုင်းအတိုင်း စစ်ကြောင်း ၂ခုခွဲပြီး ထွက်လာခဲ့ပါတယ်။

မနက် ၉ နာရီလောက်မှာတော့ ရေနံ့သာက ထွက်လာတဲ့ စစ်သားတွေ ကံမမြို့နယ် နတ်မီးတောက်ကျေးရွာနားအရောက် ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၅မိနစ်ခန့် ဖြစ်ပွားကာ စစ်အုပ်စုဘက်က ၆ယောက်ဝန်းကျင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းက သူတို့လာမှာသိလို့ ကြိုတင်ထောင်ထားတာထက် ကျနော်တို့က အဲ့လမ်းပိုင်းကို ကျနော်တို့ ပြင်ဆင်မှုတွေ လုပ်ထားတဲ့သဘောပေါ့နော်။ အဲဒီမိုင်းကွင်းထဲကို ဝင်လာတဲ့ စခတွေကို ကျနော်တို့ ဆွဲလိုက်တယ်။ နောက်ပြီး ကျနော်တို့ ပစ်တယ်။ အဲ့အချိန်မှာ သူတို့ကလည်း ပြန်ပစ်တာရှိတယ်။ ကျနော်တို့ကလည်း ပြန်ဆုတ်တယ်” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

(ပုံဟောင်းကို အသုံးပြုထားပါတယ်)

မိုင်းဆွဲ ပစ်ခတ်ခံရပြီး အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ လက်ကျန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ သရက်-ကံမ လမ်းပိုင်းအတိုင်း ထပ်မံစစ်ကြောင်းထိုးလာခဲ့ပါတယ်။ အဆိုပါ စစ်အုပ်စုဟာ စစ်ကြောင်းထိုးရာ လမ်းဘေးရှိ ထန်းဖြူရွာနဲ့ ရေတွင်းကြီးရွာက နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးပြီး ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် နေ့လယ် ၁၂ နာရီလောက်မှာတော့ အဆိုပါ စစ်ကြောင်း စက်တောင်ကျေးရွာနားအရောက်မှာ နောက်ထပ် အသင့်နေရာယူ စောင့်ဆိုင်းနေတဲ့ ကာကွယ်ရေးတပ်သားတွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၃၀ ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၀ ယောက်ခန့် ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ဒုတိယဖြစ်တဲ့ တိုက်ပွဲမှာလည်း တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကြောင်းကလူတွေ ရှေ့တိုးလာတယ်။ အဲ့မှာကျနော်တို့ အသင့်စောင့်နေတဲ့ တပ်စိပ်တစ်စိပ်ကနေ အနီးကပ် တိုက်ခိုက်တယ်။ မျက်မြင်သေဆုံးသူတွေကို မြင်ရတယ်။ အခုလက်ရှိမှာ သူတို့ ဒဏ်ရာရသူတွေ သရက်ဆေးရုံမှာ ရောက်လာတယ်” အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုက သရက်မြို့နယ်၊ စက်တောင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ လက်နက်ကြီးတွေ တပ်ဆင်ကာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ အနီးတဝိုက်ကို ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သရက်-ကံမလမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ ပြည်သူတွေလည်း သတိပြုသွားလာကြဖို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦး-ချောက် လမ်းပိုင်းတွင် တပ်ကူသွားသည့် စစ်ကားများ ၂ ကြိမ် မိုင်းဆွဲခံရ၊ ၅ ဦး သေပြီး အများအပြား ထိခိုက်

မန္တလေးတိုင်း၊  ညောင်ဦး-ချောက်လမ်းပိုင်းမှာ စလင်းမြို့နယ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီကားတန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးခဲ့ကြောင်း Bagan Bo Cho PDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ နေအိမ်အနီး စစ်ကောင်စီက ကာမီကာဇေ ဒရုန်းနှင့် ပစ်ခတ်တိုက်ခိုက်၊ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးပေမယ့် လူ ထိခိုက်မှုမရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ နေအိမ်အနီး စစ်ကောင်စီက ကာမီကာဇေ(အသေခံ) ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

AA နဲ့ ရိုဟင်ဂျာတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး AA က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့အတွင်း ရိုဟင်ဂျာတပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို လောင်စာဖြည့်ပေးနေသည့် Airbus ကို ပြည်သူများ ပါဝင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် Justice For Myanmar စတင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေမှာ လောင်စာဖြည့်ပေးနေတဲ့ Airbus လေကြောင်းကုမ္ပဏီရဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ပြည်သူတွေပါဝင်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို  Justice For Myanmar က စတင်လိုက်ပါတယ်။
Read More

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကူဆိပ်စခန်းက စစ်သားတွေ မထောစခန်းရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ…

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။