မွန်ပြည်နယ်က ကျေးရွာအုပ်စုပေါင်း ၁၄၀ မှာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာပါတယ်။

မွန်ပြည်နယ် (၁၀) မြို့နယ်ထဲက မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်ကလွဲရင် ကျန်တဲ့ ၇ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေ ကျေးရွာအုပ်စု ၁၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီ အရေအတွက်ဟာ ၂၀၁၉ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAD) အချက်အလက်တွေအရဆိုရင် မွန်ပြည်နယ်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၃၈၄) ခု ရှိတဲ့အထဲက ၃၆% ကျော် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲပြုလုပ်မယ့် ကျန်တဲ့ ၆၃% ဟာလည်း ပြည်နယ်ဧရိယာ ၁၁,၅၁၀ စတုရန်းကီလိုမီတာထဲက ၄,၉၃၅ စတုရန်းကီလိုမီတာ၊ ၄၃% ခန့်ကိုသာ လွှမ်းခြုံနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို စစ်တပ်ကနေ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာထုတ်ပြန်ထားတဲ့ ဒေသတွေမှာ စစ်အုပ်စုရဲ့ ထိန်းချုပ်နိုင်စွမ်း လျော့နည်းနေတာကို ပြနေတာဖြစ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ရဲ့ သုတေသနရေးရာ အတိုင်ပင်ခံ နိုင်စိုက်ချမ်းက ထောက်ပြပြောဆိုပါတယ်။

ဓာတ်ပုံ – ချောင်းဆုံမြို့နယ်တွင် မွန်ညီညွတ်ရေးပါတီ မဲဆွယ်စည်းရုံးရေးပြုလုပ်နေစဉ် (ပုံဟောင်း)

“စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ရပ်ကွက်/ကျေးရွာအုပ်စုတွေဟာ တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားတဲ့နေရာနဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေး ယိုယွင်းပျက်စီးနေတဲ့နေရာတွေ ဖြစ်နေတာတွေ့ရတယ်။ ဒီလိုနေရာမျိုးတွေမှာ သူ့ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီဝင် ကိုယ်စားလှယ်လောင်းတွေအတွက် စစ်အုပ်စုက လုံခြုံရေး မယူပေးနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒီအချက်ဟာ မွန်ပြည်မှာ စစ်အုပ်စုထိန်းချုပ်နိုင်စွမ်း ဘယ်လောက်ထိ လျော့နည်းသွားနေပြီလဲဆိုတာကိုလည်း ပေါ်လွင်စေပါတယ်” လို့ နိုင်စိုက်ချမ်းက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအများစုဟာ မွန်လူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ မွန်ရွာတွေ ဖြစ်ပြီး အဲဒီရွာတွေမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရင် နိုင်ခြေမရှိတာကြောင့် မွန်ညီညွတ်ရေးပါတီ (MUP) ကဲ့သို့ မွန်တိုင်းရင်းသားပါတီတွေ အနိုင်ရသွားမယ့်အစား စစ်တပ်ဟာ သူတို့နိုင်ခြေမရှိတဲ့ ကျေးရွာ၊ ဒေသတွေကို ပယ်ဖျက်စာရင်းထဲ ထည့်လိုက်တာပဲ ဖြစ်ပါတယ်။

“မွန်လူမျိုးစုတွေ အဓိကနေထိုင်တဲ့ ကျေးရွာအုပ်စုအများစုကို ဒီပယ်ဖျက်တဲ့စာရင်းထဲမှာ ပါနေတော့ ဝင်ပြိုင်မယ့် မွန်ညီညွတ်ရေးပါတီ (MUP) အတွက် FPTP အတွက်ရော PR အတွက်ပါ မဲရနိုင်ခြေ ပိုနည်းသွားမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် စစ်အုပ်စုရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ်များများ ရသွားစေပါတယ်။ ဆိုလိုတာက USDP အတွက် မျက်နှာသာပေးထားတဲ့ ကစားကွင်းကြီး ဖြစ်သွားပါတယ်” လို့ နိုင်စိုက်ချမ်းက ဖြစ်လာနိုင်မယ့် အခြေအနေတွေကို ဆက်ပြောပြပါတယ်။

စစ်တပ်လက်အောက်ခံ UEC ဟာ ကျိုက်ထိုမှာ ကျေးရွာအုပ်စု ၂၇ ခု၊ ဘီးလင်းမှာ ကျေးရွာအုပ်စု ၂၈ ခု၊ သထုံမှာ ကျေးရွာအုပ်စု ၁၇ ခု၊ ပေါင်မှာ ကျေးရွာအုပ်စု ၄ ခု၊ ကျိုက်မရောမှာ ကျေးရွာအုပ်စု ၃၁ ခု၊ သံဖြူဇရပ်မှာ ကျေးရွာအုပ်စု ၁၀ ခု၊ ရေးမှာ ကျေးရွာအုပ်စု ၂၃ ခု စတဲ့ ကျေးရွာအုပ်စု ၁၄၀ တို့ဟာ စစ်တပ်ရွေးကောက်ပွဲ မကျင်းပတဲ့ နယ်မြေတွေဖြစ်ကြောင်း၊ အဲဒီ ကျေးရွာတွေဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (စ) အရ ကြေညာတာဖြစ်ကြောင်း ဆိုထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ် အခြေစိုက် ခမရ (၅၈၈) မှတပ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့် YGF ထံအလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး အကြမ်းဖက်စစ်တပ် စကခ (၁၉) လက်အောက်ခံ ခမရ (၅၈၈) တပ်ရင်းက တပ်သား (၃) ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် ရောက်လာတယ်လို့ ရေးပြောက်ကျားတပ် (YGF) က သတင်းထုတ်ပြန် ပါတယ်။
Read More

အုတ်ဖိုတွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြားတွင် စစ်အုပ်စု မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၄ ဦး သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ CDF စစ်ဦးစီးချုပ် ကျဆုံးခဲ့ရ

ချင်းပြည်နယ်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ အားထားရတဲ့ စစ်ဦးစီးချုပ် ကျဆုံးခဲ့တယ်လို့  ချင်းကာကွယ်ရေးတပ် CDF ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အို ၃ ဦး အအေးမိ သေဆုံး

မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အို ၃ ယောက် ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။