စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၉ ရက် ဒီမနက်မှာ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသွားတဲ့ စစ်သားတွေကို ကားပေါ်တင်ပြီး အထိုင်စခန်းသို့ ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းနဲ့အတူ ညောင်ဦးခရိုင် တပ်ရင်း ၃၊ ဘုတလင်မြို့နယ် ပကဖ အဖွဲ့၊ (BA) ဗားမား အာမီ တပ်ရင်း ၁၊ ပြည်သူ့အသံ တိုက်ခိုက်ရေး အဖွဲ့၊ ဒီပဲယင်း ဗိုလ်တောက်တဲ့ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့မှ လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄၀ ခန့်သေကာ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၆ ယောက်အရှင်ဖမ်းမိ (ရုပ်/သံ)

ကရင်နီပြည်နယ် မိုးဗြဲမြို့မှ လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က ကုန်းသာကျေးရွာအနီး တော်လှန်ရေးတပ်တွေက တိုက်ခိုက် ခဲ့ရာ ၄၀ ခန့်သေပြီး ၆ ယောက်အရှင်ဖမ်းဆီးမိခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) ထံက သိရပါ တယ်။
Read More

ရှေ့တန်းပြန် တိုက်ပွဲဝင်ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို‌အောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF – ARMY ထုတ်ပြန် (ရုပ်/သံ)

စစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းပြီး နေရပ်ပြန်လာကြတဲ့ ရှေ့တန်းပြန် ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုအောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF - ARMY က မနေ့က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်စစ်သား အများအပြားသေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာနဲ့ မဒဲရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ နဂါးစစ်သည်တော် တပ်ခွဲထံက သိရပါတယ်။
Read More

KNDF ဗျူဟာအမှတ် -၂ မှ ရဲဘော်တွေ ရှေ့တန်းမှာ ဘယ်လိုတိုက်ခိုက်လဲ (ရုပ်သံ)

KNDF ဗျူဟာအမှတ် -၂  ရဲဘော်တွေ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့နေတဲ့ မှတ်တမ်းရုပ်သံတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်တပ်ရဟတ်ယာဉ် ၃ စီးကို KIA ပစ်ချ၊ ၁ စီးပျက်ကျပြီး ၁ စီး အရေးပေါ် ဆင်းသက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ် ၃ စီးကို ဒီနေ့ မေလ ၂၀ ရက် နေ့လယ်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီး ၁ စီး အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း ကင်းပတ်နေစဉ် စစ်ကောင်စီတပ်သား ၁ ဦးအား လက်နက်နှင့်တကွ ဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်တွေ နယ်မြေလုံခြုံရေးအတွက် ကင်းပတ်နေချိန် စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။