အတုအယောင် ရွေးကောက်ပွဲနီးကပ်လာချိန် တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခုမှာ အခြေအနေတွေကြောင့် ရွေးကောက်ပွဲအတု လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၆ရက်နဲ့ ၇ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၂၀၂ မြို့နယ်ထဲက ရပ်ကွက်ပေါင်း ၁၆၁ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၂၇၇၀ မှာ ရွေးကောက်ပွဲလုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

စစ်အုပ်စုဟာ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရန်ကုန်ကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက ကျေးရွာတွေ၊ ရပ်ကွက်တွေမှာပါ ထပ်တိုးပြီး လုပ်ဆောင်ဖို့မရှိတော့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့မှုတွေလည်း ရှိနေတာကြောင့် လက်နက်ကိုင်တော်လှန်ရေး အားကောင်းရာ တိုင်းနဲ့ပြည်နယ်တွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းတို့အပြင် ချင်း၊ ကရင်၊ ကချင်၊ မွန်နဲ့ရှမ်းတို့က ကျေးရွာအုပ်စုတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေပါ ထပ်တိုးလာတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ရွေးကောက်ပွဲလုပ်ဆောင်မယ့် ကလေး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ဟုမ္မလင်း၊ ဘုတလင်၊ ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်၊ ရေဦးစတဲ့ မြို့နယ်တွေက မြို့ပေါ်ရပ်ကွက် ၅၅ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၈၄၇ အုပ်စုမှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဟာ ရွေးကောက်ပွဲအတု မလုပ်ဆောင်နိုင်တဲ့နေရာ များပြားတဲ့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားရာ တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်လာပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းအတွင်းက ညောင်ဦး၊ ဝမ်းတွင်း၊ တံတားဦး၊ ကျောက်ပန်းတောင်း၊ မတ္တရာ စတဲ့မြို့နယ်တွေက မြို့ပေါ်ရပ်ကွက် ၄ခု၊ ကျေးရွာအုပ်စုပေါင်း ၂၃၂ ခုမှာလည်း ရွေးကောက်ပွဲအတု မလုပ်ဆောင်နိုင်ဘူးလို့ သိရပါတယ်။

“ညောင်ဦးမှာ သူတို့ အဓိကလုပ်နိုင်တာ မြို့ပေါ်လောက်ပဲရှိတော့တယ်။ ၂၅ အုပ်စုပဲ ရှိတယ်။ ကျနော်တို့ကတော့ အတုအယောင်ရွေးကောက်ပွဲကို အထက်က ညွှန်ကြားချက်အတိုင်း ဖော်ဆောင်သွားမှာပါ။” လို့ ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက မောင်းကိုပြောပါတယ်။

စစ်အုပ်စုအနေနဲ့ ပဲခူးတိုင်းအတွင်းမှာလည်း ပဲခူး၊ အုတ်ဖို တို့ကလွဲလို့ ကျန်တဲ့ ထိတွေ့တိုက်ပွဲအားကောင်းရာ နတ်တလင်း၊ ရေတာရှည်၊ တောင်ငူနဲ့ ညောင်လေးပင်၊ ပေါင်းတည်၊ ပေါင်းတလည်၊ ရွှေကျင်စတဲ့ မြို့နယ်တွေက ကျေးရွာအုပ်စုပေါင်း ၁၉၇ ခုမှာ ရွေးကောက်ပွဲအတု လုပ်ဆောင်သွားဖို့မရှိဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမယ့် ဒီဇင်ဘာလ ၂၈ရက်နေ့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ လုပ်ဆောင်သွားမှာဖြစ်ပြီး အပိုင်း(၂) ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၀ အတွင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အတုအယောင် ဟန်ပြရွေးကောက်ပွဲကို စစ်အုပ်စုက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ လုပ်ဆောင်နေတာဖြစ်ပြီး မဲပေးနိုင်ဖို့ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးတာမျိုးတွေရှိသလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူတိုင်းကို ပြင်းပြင်းထန်ထန် ဖိနှိပ်ဖမ်းဆီးမှုတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုကို တသီးပုဂ္ဂလနဲ့ နိုင်ငံရေး ပါတီပေါင်း ၅၇ခုက ဝင်ပြိုင်မှာဖြစ်ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ပါတီ ၆ခုသာ ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲမစခင်မှာပဲ ပြိုင်ဘက်မရှိ အနိုင်ရထားတဲ့နေရာတွေ ရှိနေတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကျိုက်ထိုနဲ့ ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်

ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ကနီနယ်က ရှမ်းမြောင်းရွာ ဘုန်းကြီးကျောင်းကို အကြမ်း ဖက်စစ်တပ် ဒရုန်းဗုံးကြဲ၊ ရဟန်း ၂ ပါး ဒဏ်ရာရပြီး ကျောင်းတိုက်များ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ရှမ်းမြောင်းရွာ ဘုန်းကြီး ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒရုန်းဗုံးသီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ အတွက် ရဟန်း ၂ ပါး ထိမှန်သွားပြီး ကျောင်းတိုက် တချို့ ပျက်စီး သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ပုလဲနယ်အတွင်းက စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်တဲ့ ဒရုန်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်ရေးပြုလုပ်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
Read More

ပုလဲတွင် လမ်းမှားပြီးရောက်လာသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိ…

“နယ်မြေမကျွမ်းကျင်မှုတွေရော သူတစ်ယောက်တည်းကွဲပြီးတော့ တောထဲမှာ ရောက်လာတယ်။ တောထဲမှာရောက်လာတော့ ကျနော်တို့ အမြဲတမ်း အထိုင်ချကာထားတဲ့ ကာကင်းဘက် မျက်စိလည်လမ်းမှားရောက်လာလို့ ကျနော်တို့ ရဲဘော်လက်ထဲ ဖမ်းမိလိုက်တာ ” လို့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းရဲ့ တပ်ခွဲမှူးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကော်သူးလေ အုပ်ချုပ်မှုနယ်မြေထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းက နေရာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။