ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးမှာ အောင်မြင်မှုတွေရှိခဲ့သလို ကျရှုံးမှုတွေလည်း ရှိခဲ့ပြီး အဆိုပါ ကျရှုံးမှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၈ ရက် မနေ့က NUG အစိုးရအဖွဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီးတချို့ အပြောင်းအလဲလုပ်ကာ ဝန်ကြီးဌာနတချို့ကို ဖျက်သိမ်းပေါင်းစည်းတာတွေ ပြုလုပ်ပြီးနောက် ညပိုင်းမှာ ယာယီသမ္မတက ပြည်သူကို မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ ကျနော်တို့အစိုးရရဲ့ လုပ်ဆောင်ချက်ထဲမှာ အောင်မြင်တွေရှိသလို ကျဆုံးမှုတွေလည်း ရှိခဲ့တာ ရိုးသားစွာဝန်ခံပြောကြားလိုပါတယ်။ ဒါ့အပြင် အခက်အခဲကြားကနေ ပြည်သူနဲ့အတူ ရုန်းကန်ကျော်ဖြတ်နေဆဲ စိန်ခေါ်မှုတွေလည်းရှိနေကြောင်း ဝန်ခံပြောကြားလိုပါတယ်။ အစိုးရတစ်ရပ်ရဲ့ အောင်မြင်မှုဟာ ပြည်သူတစ်ရပ်လုံးရဲ့ အောင်မြင်မှုဖြစ်ပြီး အစိုးရတစ်ရပ် ကျဆုံးမှုဟာ အဲဒီအစိုးရရဲ့ အားနည်းချက်ဖြစ်တယ်လို့ ကျနော်တို့ ခံယူပါတယ်” လို့ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် NUG အနေနဲ့ လူထုအကျိုးနဲ့‌ တော်လှန်ရေးအောင်မြင်မှုတွေရဖို့ ပြုပြင်ပြောင်းလဲမှုကို လက်တွေ့ လုပ်ဆောင်ဖို့ တွန့်ဆုတ်ခဲ့တာမရှိပေမယ့် လူမျိုးပေါင်းစုံ၊ ဒေသမျိုးကွဲပေါင်းစုံနဲ့ အင်အားစုပေါင်းစုံလွန်းတဲ့ နိုင်ငံမို့ ပြည်သူတရပ်လုံး မျှော်လင့်တောင်းတနေတဲ့ စုဖွဲ့လက်တွဲမှုမျိုး အခုချိန်ထိ အပြည့်အဝရရှိအောင် မဆောင်ရွက်နိုင်သေးဘူးလို့လည်း ယာယီသမ္မတက ပြောပါတယ်။

ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ ပြန်ထည့်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးဟာ တော်လှန်ရေးတပ်အနေနဲ့ ဦးဆောင်ထမ်းရွက်နေပြီး ပြည်သူရဲ့ယုံကြည်မှုကြောင့် လက်ရှိအခြေအနေထိ တော်လှန်ရေးလှိုင်းလုံးကြီးကို လူ ထုအားနဲ့ ချီတက်နိုင်တာဖြစ်တယ်လို့ ယာယီသမ္မတ ဆိုပါတယ်။

ဒါကြောင့် NUG ဟာ ပြည်သူ့သဘောထားနဲ့ ရင်ချင်းအပ်ထားပြီး အစိုးရတစ်ရပ်ပြောင်းလဲမှုကို ရဲရဲတင်းတင်း လုပ်ဆောင်ခဲ့သလို NUCC အပါအဝင် ပြည်သူလူထုကိုယ်စားပြုတဲ့ အစုအဖွဲ့တွေ၊ အဖွဲ့အစည်းတွေရဲ့ သဘောထားကိုလည်း အဆက်မပြတ် နားစွင့်နေခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ NUG ပြုပြင်ပြောင်းလဲရေးအတွက် ဇူလိုင်လမှာ NUG Reform ကော်မရှင်ကို ဖွဲ့စည်းပြီး လက်တွေ့ ကျကျ လုပ်ဆောင်ခဲ့သလို ပိုမိုအားကောင်းတဲ့ မဟာမိတ်စုဖွဲ့မှုတွေနဲ့ ပြောင်းလဲဖွဲ့စည်းဖို့ကြိုးစားခဲ့ပေမယ့် အဓိ က တိုင်းရင်းသားလက်နက်ကိုင်‌ အင်အားစုကြီးတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရထဲမှာ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ လက်ရှိအချိန်မှာ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတ ပြောပါတယ်။

“မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့ မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုမှ တစ်မျိုးသားလုံးညီညွတ်ရေးကို ကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်တဲ့ အစိုးရဖြစ်လာအောင် အထူးသဖြင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ ကျယ်ပြန့် စွာ ပါဝင်လာနိုင်အောင် ကျနော်တို့အားလုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဓိကတိုင်းရင်းသား လက်နက်ကိုင်‌ကြီးတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရထဲမှာ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ လက်ရှိအချိန်မှာ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာ သိရှိရပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

သိမ်းပိုက်ထားသည့် မြို့များ စစ်ကောင်စီကို ပြန်ပေးရန် အစီအစဥ်မရှိ၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေး NUG အပါ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်

အကြမ်းဖက်စစ်အုပ်စုက မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားတာကို သဘောမတူနိုင်သေးသလို စစ်အာဏာရှင်အမြစ်ပြတ်ရေး ရပ်တည်ချက်အတိုင်း ဆက်လက်ရှိနေမယ်လို့ တအာင်းတပ်မတော် TNLA က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

မိစ္ဆာစစ်တပ်ကြောင့် မရှုမလှ အသက်ပေးခဲ့ရတဲ့ စီပါရွာသားတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံတွေ သေဆုံးခဲ့ရပြီး သေဆုံးသူတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာပြည်သူတွေ သီဆိုနေရဆဲဖြစ်တဲ့ “ကမ္ဘာမကြေဘူး” သီချင်းရဲ့ ပဲ့ကိုင်ရှင် တေးရေး နိုင်မြန်မာ ကွယ်လွန်

မြန်မာနိုင်ငံရဲ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကစလို့ နွေဦးတော်လှန်ရေးအထိ ပြည်သူတွေ ရင်ထဲ စွဲမြဲနေခဲ့တဲ့ "ကမ္ဘာမကြေဘူး" သီချင်းကို ရေးစပ်ခဲ့သူ တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို မော်လမြိုင်မှာ ကျင်းပမည်…

မွန်ပြည်သစ်ပါတီ (NMSP) က ဦးဆောင်ပြီး လာမယ့် ဧပြီလ ၂ ရက်မှာ မွန်အမျိုးသား ညီလာခံကို မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ဓါတုမာလာ မွန်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် NLD အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆု ချီးမြှင့်

အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ခလရ ၂၉၉ တပ်ရင်းက တပ်သား၂ ဦးနှင့် စကခ (၁၉) မွမ်းမံသင်တန်းက တပ်သားတစ်ဦး အလင်းဝင်ရောက်

မွန်ပြည်နယ်၊ရေးမြို့နယ် ကိုးမိုင်ကျေးရွာ အခြေစိုက် အကြမ်ဖက်စစ်တပ်  ခလရ၂၉၉ တပ်ရင်းက တပ်သားနှစ် ယောက် နဲ့ စကခ (၁၉) မွမ်းမံသင်တန်းက တပ်သားတစ် ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းဆီက သိရပါတယ်။