အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို အလေးထားပြီး သစ်တောသယံဇာတ စီမံအုပ်ချုပ်မှာ ပဋိပက္ခတွေ လျှော့ချရေးအတွက် တရားမဝင်ထုတ်လုပ်သယ်ဆောင်မှုကို တားမြစ်ခြင်းနဲ့ အခွန်ကောက်ယူမှု ယာယီရပ်ဆိုင်းမယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

အခုလ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ကာ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍ၊ သစ်နှင့် သစ်တောထွက်ပစ္စည်းတွေ တရားမဝင် ထုတ်လုပ်သယ်ဆောင်တာကို တားမြစ်အရေးယူတာနဲ့ အခွန်ဒဏ်ကြေးကောက်ခံတာကို ရပ်ဆိုင်းလိုက်တယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်အထိ တော်လှန်ရေးအစိုးရအတွက် သစ်နှင့် သစ်တောထွက်ပစ္စည်းတွေကနေ အခွန်ဘဏ္ဍာရန်ပုံငွေ ကျပ် ၂၈ ဘီလီယံကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လည်ပတ်ရေးအတွက် ဝန်ကြီးဌာနအသီးသီးက အကြမ်းမဖက် အာဏာဖီဆန်မှု (CDM) ဝန်ထမ်းအင်အား ၈၀ ရာခိုင်နှုန်း ပါဝင်တာဖြစ်ပြီး CDM တွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အတွက် လုပ်ငန်းရပ်ထားတာဖြစ်တယ်လို့ MONREC က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကြားကာလ အရေးပေါ်လုပ်ထုံးလုပ်နည်းအတိုင်း သစ်နှင့် သစ်တောထွက်ပစ္စည်းတွေ စီမံခန့်ခွဲရာမှာ တရားမဝင် သစ်၊ သစ်တောထွက်ပစ္စည်းတွေ ထုတ်လုပ်သယ်ဆောင်မှုတွေကို စိစစ်အရေးယူတာ၊ ဒဏ်ကြေးကောက်ခံတာ၊ ဒေသအတွင်း အသုံးပြုမှုတွေအတွက် အခွန်ဒဏ်ကြေးပေးဆောင်ပြီး သယ်ဆောင်ခွင့်ပြုတာတွေ လုပ်ဆောင်ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို CDM တွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်တာတွေရှိတဲ့အတွက် အစိုးရအဖွဲ့အတွင်း အဆင့်ဆင့် ကြိုးစားညှိနှိုင်းဖြေရှင်းခဲ့ပေမယ့် တိုးတက်မှုမရှိဘဲ ဝန်ကြီးဌာနဝန်ထမ်းတွေအပြင် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဝန်ထမ်းတွေအတွက်ပါ အန္တရာယ်မကင်းတဲ့ အခြေအနေကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်ရေးအားကောင်းတဲ့ ကနီမြို့နယ်မှာ အခွန်ငွေ ကျပ်သိန်းပေါင်းများစွာကို ပသုံးလုံးနဲ့ သယံဇာတကော်မတီဝင် ၁၃ ယောက် အလွဲသုံးစားလုပ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းထားတာရှိတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ့ခုခံတော်လှန်တိုက်ပွဲကြီးတွင် တအာင်းတို့၏ ရဲစွမ်းသတ္တိမြင်ရသဖြင့် လေးစားဖွယ်ရာ တိုင်းရင်းသားလူမျိုးကြောင်း CRPH သဝဏ်လွှာပို့

ခေတ်အဆက်ဆက် အာဏာရှင်စနစ်ဆိုးကို တွန်းလှန်ရင်း နွေဦးတော်လှန်ရေး ပြည်သူ့ခုံခံတော်လှန်တိုက်ပွဲကြီးတွေမှာ တအာင်းလူမျိုးတို့ရဲ့ ရဲစွမ်းသတ္တိကို မြင်တွေ့ရတာကြောင့် လေးစားဖွယ်ရာ တိုင်းရင်းသားလူမျိုးဖြစ်တယ်လို့ ၂၇၁၇ နှစ်ပြည့် တအာင်းနှစ်သစ်ကူးနေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ပါတယ်။
Read More

နွားထိုးကြီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး ထက်မနည်း သေဆုံး၊ စစ်မှုထမ်းတပ်သားသစ် ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ စစ်သုံ့ပန်းနှင့် လက်နက်တချို့ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကူလာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း Natogyi People Defence Force တာဝန်ရှိသူက ပြောပါတယ်။
Read More

ဆိပ်ဖြူမှာ ဝါဇီစက်ရုံတိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ ထိမှန်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

၂၀၂၅ မှာ မြန်မာပြည်သူ (၁၅) သန်းလောက် ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်ရနိုင်

မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူ ၁၅ သန်းခန့်ဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ်  ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီက YBS ကားပေါ်အထိ တက်ပြီး လူငယ်တွေကို ဖမ်းဆီးမှုတွေ ရှိနေ

ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားပေါ်အထိ တက်ပြီး လူငယ်တချို့ကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။