စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်း ကင်းကျေးရွာမှာ စစ်ရှောင်နေရပ်စွန့်ခွာတွေ နေထိုင်တဲ့ တောတိုက်စစ်ရှောင်တဲ ၈လုံးကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းထံက သိရပါတယ်။

ကင်းကျေးရွာဟာ ပခုက္ကူတပ်မ (၁၀၁) နဲ့ နီးကပ်စွာတည်ရှိနေတဲ့ ကျေးရွာဖြစ်တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်လောက်ကတည်းက ရွာခံတွေဟာ နေရပ်စွန့်ခွာပြီး တောတိုက်၊ ယာတောတွေထဲမှာ ရွာလုံးကျွတ် စစ်ရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၈ ရက် ညပိုင်းမှာတော့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ကင်းကျေးရွာက စစ်ရှောင်တွေ နေထိုင်နေတဲ့ တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
အဲဒီ စစ်ကြောင်းဟာ နိုဝင်ဘာလ ၃၀ ရက်နေ့ကတည်းက မြိုင်မြို့ အနီး စက်မှု (၂) စက်ရုံကနေ ထွက်ခွာလာတာဖြစ်ပြီး တောင်သူတွေ သီးနှံရိတ်သိမ်းပြီးချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဆုံးရှုံးမှုတွေလည်း များတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းက ဆိုထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့တုန်းက မြိုင်မြို့နယ်တောင်ပိုင်း နှမ်းဆီကန်ကျေးရွာက နေအိမ် ၂၅လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သလို နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း ရွာတန်းရှည်ကျေးရွာက ပြည်သူတွေ သိမ်းဆည်းစုဆောင်းထားတဲ့ ဆန်အိတ် ၂၀‌ကျော်၊ ဆိုင်ကယ် ၃စီးအပါအဝင် စစ်ရှောင်တဲ ၃လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီနောက် နိုဝင်ဘာလ ၁၃ ရက်နေ့မှာလည်း ဝက်ပုတ်ကျေးရွာက ပြည်သူနေအိမ် ၅လုံးကို မီးရှို့ဖျက်ဆီးကာ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ယောက်ထဲက ၂ယောက်ကို သတ်ဖြတ်အလောင်းစွန့်ပစ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှာလည်း တဲကြီးကျေးရွာကို ဝင်ရောက်ကာ ဘုန်းတော်ကြီးကျောင်း အပါအဝင် နေအိမ် ၂၈လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းက စစ်တပ်ရဲ့ စစ်ကြောင်းဟာ မြိုင်နယ်ထဲကို ဆက်လက်စစ်ကြောင်းထိုးမယ့် အနေအထားရှိတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတိ၊ လေကြောင်းသတိ အမြဲရှိကြဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

ရှေ့တန်းရောက် ရဲဘော်များအတွက် အသက်ကယ် စစ်ပစ္စည်းများ သွားရောက်ပေးအပ် (ဓာတ်ပုံသတင်း)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် စစ်အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီ ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ဦး မျက်မြင် သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ​တပ်ရဲ့ ကင်းပုန်းဝပ်ရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲတပ်သား ၂ ယောက်နဲ့ စစ်သား ၃ ယောက် သေဆုံးသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က သတင်းထုတ်ပြန်တားပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း၏ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်သည့် တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း - Myaing Villages Revolution Front အနေနဲ့ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမြို့နယ်ကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲလို့ နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကနီမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။