မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို အကြမ်းဖက်စစ်အုပ်စုက ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ၁၇၀၀ နီးပါး စစ်ဘေးရှောင်နေရကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန – ပေါက်မြို့ ထံက သိရပါတယ်။

ဒီဇင်ဘာ ၃ရက်နေ့မှာ ကပစ (၂၄) လက်နက်စက်ရုံကနေ အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ကော်မရှင်တပ်သားတွေက ချောင်းကူးရွာ၊ ပျမရွာတောင်ကုန်းပေါ်တလျှောက် တပ်ဖြန့်ထားတဲ့အတွက် ကျေးရွာ ၅ခုက ဒေသခံပြည်သူတွေ တောထဲ တောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီလိုထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ဒေသခံတွေဟာ လယ်ယာ၊ စပါးခင်းတွေ ရိတ်သိမ်းနိုင်ခြင်း မရှိတော့သလို တောထဲမှာနေထိုင်ဖို့ အမိုးအကာတွေ မရှိတဲ့တာကြောင့် အအေးဒဏ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ရှောင်ရတာက ပြောရမယ်ဆိုရင် နိုဝင်ဘာလဝက်လောက်ကတည်းက။ ဒါပေမယ့် နယ်မြေပြန်အေးပြီ ဆိုပြီးတော့ ပြန်ဝင်တဲ့အချိန်မှာ ပြီးခဲ့တဲ့ ၃ ရက်နေ့က ထပ်ပြီးစစ်ကြောင်းထိုးလာတဲ့ နောက်ပိုင်းမှာ ထပ် ရှောင်ရတာပေါ့နော်။ ဒေသခံတွေကတော့ လက်ရှိ ကျောချောင်းအစပ်ရယ်၊ သစ်ပင်ခြုံနွယ် ကောင်း တဲ့နေရာတွေမှာ ဘေးကအကာမပါဘဲနဲ့ ဆောင်းရာသီမှာ ဒီလိုလေး ဖြတ်သန်းနေရတယ် ”လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန – ပေါက်မြို့ ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ရာသီဥတုအအေးဒဏ်ကြောင့် စစ်ရှောင်တချို့ ဖျားနာတာတွေရှိသလို သူတို့တွေစားသောက်ဖို့ ပြင်ပလှူရှင်တချို့နဲ့ အနီးနား ကျေးရွာခေါင်းဆောင်တွေက ကူညီပေးနေပေမယ့် ဆောင်းရာသီဖြစ်တာကြောင့် အမိုးအကာနဲ့ စောင်၊ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

“အအေးဒဏ်ကြောင့် ကျန်းမာရေးဖောက်သွားတာမျိုးတွေ မနေ့က ရောက်တဲ့အချိန်မှာတော့ ၂ ဦး လောက်အထိတွေ့ရတယ်။ အေးလွန်းတဲ့အတွက်ကြောင့် ကလေးငယ်တစ်ယောက်ရယ်၊ အသက်ကြီးပိုင်း တစ်ယောက်ရယ်.. နောက်ပြီး စောင်တွေက လောက်လောက်ငှငှရှိပေမယ့် ဖူလုံတယ်လို့တော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အိမ်မှာနေမယ်ဆိုရင်တော့ အိမ်မှာရှိတဲ့စောင်လေးတွေက ဘေးမှာအကာအကွယ်၊ လုံလုံခြုံခြုံနဲ့ အိပ်ရတာဆိုတော့ အအေးဒဏ်ကို အန်တုနိုင်တယ်။ အခုဟာက အိမ်ကနေ ပါလာတဲ့စောင်တွေကလည်း အမိုးအကာမရှိတော့ အပေါ်က နှင်းကျတာမျိုး၊ ဘေးက လေတိုက်တာမျိုး ရှိတယ်” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ပေါက်မြို့နယ်အနောက်တောင်ဘက် ဇုန် – ၁ နယ်မြေ၊ ကျောက်မဲတောင်ကျေးရွာထဲကို ကပစ ၂၄က ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝင်ရောက်ကာ နေအိမ် ၁၅လုံး မီးရှို့ဖျက်ဆီးသွားသလို ရွာ ၁၁ ရွာက လူဦးရေ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

ပုံစာ – ပေါက်မြို့နယ်မှ စစ်ရှောင်ပြည်သူများ
0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF ) က အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ရေတာရှည်နယ် နှင့် တွံတေးနယ်ရှိ နေအိမ်များကိုအုပ်ချုပ်ရေးမှူးမှ အလံထောင်ထားခိုင်းထားပြီး မလိုက်နာ သူများကို ငွေးကြေးကောက်ခံ

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ရေတာရှည်မြို့နယ် နဲ့ တွံတေးမြို့နယ်က နေအိမ်တွေကို မြန်မာအနိုင်ငံတော်အလံတွေထောင်ထားခိုင်း တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် (၁၅) နှစ်အရွယ် ကလေး (၂) ဦး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်မှာ ဇူလိုင်လ (၁၇) ရက်ကနေ (၂၃) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် (၁၅) နှစ်အရွယ် ကလေး (၂) ယောက် သေဆုံးပြီး နေအိမ် (၅) လုံး ပျက်စီးကာ အရပ်သားလုပ်ငန်းခွင်တွေအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် KIA တပ်သားသစ် စုဆောင်းမှုကို ထွက်ပြေးရင်း ဒေသခံ ၁ဦး မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်သားသစ်စုဆောင်းမှုကနေ ထွက်ပြေးကြရင်း ဒေသခံတစ်ယောက် မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

အမေရိကန်ရောက် မြန်မာတွေရဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရောက် မြန်မာလူမျိုးတွေက လက်ရှိ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့မှာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို  ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။