အခုလကစလို့ အပိုင်းလိုက်ပြုလုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ “လွတ်လပ်၊ မျှတပြီး အားလုံးပါဝင်မှု” ရှိသင့်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်မှာ ပြောပါတယ်။

အိန္ဒိယအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထောက်ခံကြောင်းနဲ့ “နိုင်ငံရေးအရ သက်ဆိုင်သူတွေအားလုံး” ပါဝင်သင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်ဆွာလ်က တနင်္လာနေ့မှာ ပြောခဲ့တာပါ။

“အိန္ဒိယအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံတယ်၊ ရွေးကောက်ပွဲအပေါ် အများလက်ခံယုံကြည်မှုနဲ့ တည်ငြိမ်မှုအတွက် နိုင်ငံရေးအရ သက်ဆိုင်ရာအစုအဖွဲ့အားလုံး ပါဝင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။ ဒီရွေးကောက်ပွဲက လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်ဖို့ လိုအပ်တယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းဖို့၊ ဆွေးနွေးပွဲတွေလုပ်နိုင်ဖို့နဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ကို ရှေ့ရှုတဲ့ ကြိုးပမ်းမှုအားလုံးကို အိန္ဒိယက ဆက်လက်ပံ့ပိုးပေးသွားမယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲလိမ်မှုအဖြစ် စွပ်စွဲပြီး ပြည်သူလူထု ရွေးကောက်ထားတဲ့ အရပ်သားအစိုးရထံကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်အုပ်စုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံခေါင်းဆောင်တွေ၊ အနိုင်ရလွှတ်တော်အမတ်တွေ၊ အတိုက်အခံအင်အားစုတွေနဲ့ သူတို့ကို ဆန့်ကျင်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးထောင်ချ နှိပ်စက်သတ်ဖြတ်ခဲ့ပါတယ်။

၄ နှစ်ခွဲကျော်ကာလအတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုကနေ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်၊ မျှတမှု မရှိဘဲ သူတို့တရားဝင်မှုရရှိရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်အတွက် ချယ်လှယ်မယ့် အတုအယောင် ထောင်ချောက်တခုအဖြစ် ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂ၊ နယူးဇီလန်နဲ့ ကုလသမဂ္ဂတို့လို နိုင်ငံတကာ အစိုးရအသိုင်းအဝိုင်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချထားသလို အယုံအကြည်မရှိကြောင်း ပြောဆိုထားပြီး အာဆီယံကလည်း ရွေးကောက်ပွဲထက် ပဋိပက္ခလျှော့ချရေး ဦးစားပေးလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ပုံစာ – အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်ဆွာလ်
News – Thehindu
0 Shares:
You May Also Like
Read More

မြန်မာပွဲစားအချင်းချင်း မတည့်လို့ တိုင်တန်းမှုကြောင့် ပန်း‌ရောင်ကတ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ၁၃၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွတ်ခရိုင်၊ မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုမှာ ပန်းရောင်ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာ ၁၃၁ ယောက်ကို တိုင်တန်းမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက မနေ့က အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
Read More

တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု လာအိုကန့်သတ်

မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကာစီနိုနဲ့ လောင်းကစားဥပဒေကြမ်းကို ထိုင်းအစိုးရ အတည်ပြု

ထိုင်းမှာ ဖျော်ဖြေရေးလုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ ကာစီနိုတွေကို တရားဝင်လည်ပတ်ခွင့်ပြုဖို့ ဥပဒေကြမ်းတစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။ 
Read More

ဘန်ကောက်ကို မင်းအောင်လှိုင်လာမည်ဟု ထိုင်းနိုင်ငံခြားရေး အတည်ပြု 

ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (BIMSTEC) ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်ကို လာမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပြောကြားလိုက်ပါတယ်။