အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မဟာမိတ်တွေက ခရိုင် (၇) ခုအတွင်းရှိ စစ်အုပ်စုစခန်းပေါင်း ၂၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၉ ရက် ဒီနေ့ထုတ်ပြန်တဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) ရဲ့ “အ ရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း” အစီရင်ခံစာက ဆိုပါတယ်။

KNU နဲ့ မဟာမိတ်တွေဟာ ဒူးသထူး၊ တောအူး ၊ ခလယ်လွီထူ ၊ ဘလိ-ထားဝယ်၊ မူတြော်၊ ဒူးပလာယာ ၊ ဖားအံ စတဲ့ ခရိုင် (၇) ခုထဲက စစ်အုပ်စုအခြေစိုက်စခန်း ၁၉၃ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အဲဒီစခန်းတွေ ထဲမှာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်အုပ်စု စခန်း ၅၅ ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ကေအဲန်အယ်လေနဲ့ မဟာမိတ်များက ထိုင်းနိုင်ငံနှင့် ထိစပ်နေသော သံလွင်မြစ်နယ်စပ်တစ်ခုလုံးကို ထိန်းချုပ် နိုင်ခဲ့သည်။ ယခုနှစ်တွင်လည်း ၎င်းတို့သည် မြဝတီမြို့၏ မြောက်ဘက်နှင့် တောင်ဘက်ရှိ ဖားအံနှင့် ဒူးပလာယာ ခရိုင်နယ်မြေများရှိ သောင်းရင်းမြစ်နယ်စပ်တစ်လျှောက်လုံးနီးပါးကိုပါ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ၊ မြိတ် – ထားဝယ်ခရိုင်နှင့် ထိစပ်နေသော တနင်္သာရီ နယ်စပ်တစ်လျှောက်ရှိ အရေးပါသောစခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းအထဲတွင် ထားဝယ်သို့ ဦးတည်သော အဓိက နယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်သည့် ထီးခီး စခန်းလည်း ပါဝင်ပြီး ၂၀၂၅ ခုနှစ် ဧပြီလတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်” လို့ KPSN ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၃၅ နှစ်က KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဌာနချုပ်ဟောင်းဖြစ်ခဲ့တဲ့ မောတောင်စခန်းကိုလည်း အခုနှစ် နိုဝင်ဘာလထဲမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

KNLA နဲ့ မဟာမိတ်တို့က စစ်အုပ်စုစခန်းတွေကို သိမ်းပိုက်ရယူနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ခ ရိုင် (၇) ခုအတွင်းရှိ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနဲ့ လူနေအိမ်အပါအဝင် အဆောက်အအုံပေါင်း ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အဲဒီလို လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလနောက်ပိုင်း စစ်ဘေးရှောင် အရေအတွက်ဟာ ၁၄ ရာခိုင်နှုန်းထိ တိုးမြင့်လာခဲ့ပြီး စစ်ဘေးရှောင် စုစုပေါင်း ၁ ဒသမ ၂ သန်းကျော် (၁၂၀၄၉၃၂ ဦး) အထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

(ပုံဟောင်းများကို အသုံးပြုထားပါတယ်)
0 Shares:
You May Also Like
Read More

ညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်း လမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အို ၃ ဦး အအေးမိ သေဆုံး

မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အို ၃ ယောက် ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

အခန်းငှါးစားနေတဲ့ ကလေးအကျဉ်းထောင်နှင့် ကိုယ့်စရိတ်နဲ့ကိုယ် အကျဉ်းကျခံရသူများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းခန်းခတွေ တောင်းယူပြီး စီးပွားရေးဆန်ဆန်နဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

“အရေးတော်ပုံ” ဆိုသည့် စကားလုံးသုံးနှုန်း မဲဆွယ်မှုကြောင့် ပြည်သူ့ပါတီအမတ်လောင်း ဦးလွင်မြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရ

စစ်အုပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ပထမပိုင်းအတွက် မဲဆွယ်စည်းရုံးရာမှာ "တော်လှန်ရေး"၊ "အရေးတော်ပုံ" စတဲ့ စကားလုံးတွေကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
Read More

ခလရ (၅၀) တပ်ရင်းမှူးသစ် ညစာစားပွဲ လုပ်နေချိန် ဂန့်ဂေါမြို့အဝင် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြို့အဝင် ခလရ(၅၀) လမ်းဆုံမှာရှိတဲ့ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲဗုံးကြဲ တိုက်ခိုက်လို့ ရဲနဲ့ စစ်သားတွေထိခိုက်သွားပြီး စစ်အုပ်စုက ဖုန်းလိုင်းတွေ ချက်ချင်းဖြတ်တောက်ပစ်ခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၅ ဦး လက်နက် ၂ လက်နှင့်အတူ KNU တပ်မဟာ (၄) ထံအလင်းဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းရေးတပ်ထဲ အပို့ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။