ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ဖြန်မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ပေးကြဖို့ ဒေါက်တာ ဇော်ဝေစိုးက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

သပိတ်ရဲ့ ရည်ရွယ်ချက်ကတော့ သမ္မတ ဦးဝင်းမြင့်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွတ်မြောက်ရေး၊ စစ်အုပ်စုရဲ့ အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ရေးနဲ့ စစ်အုပ်စုရဲ့ အဓမ္မ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရေး တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“Silent Strike အပြင်မထွက် အသံတိတ်သပိတ် ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြ” လို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုတိုက်တွန်းထားပါတယ်။

Video-Zaw Wai Soe
0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သား တွေကို ‌အောက်တိုဘာ ၂၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KBU-တောလေးအဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ရေးအမည်ခံ လုပ်စားနေသည့်အဖွဲ့များကို အရေးယူသွားမည်ဟု ပုဂံပြည်ဘီလူးတပ်ဖွဲ့ ပြောကြား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း ‌တော်လှန်ရေးကို ပုံရိပ်ကျစေတဲ့ PDF အမည်ခံပြီး ဓားပြတိုက်ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေကို အရေးယူသွားမယ်လို့ ပုဂံပြည်ဘီလူးတပ်ဖွဲ့ တာဝန်ခံ ရဲဘော် ကိုဇီးက ပြောပါတယ်။
Read More

ပြည်သူများကို ထောက်ပံ့ကူညီခဲ့သည့် ရုပ်သံမှတ်တမ်း တော်ဝင်ဒေါင်းတပ်ရင်း ထုတ်ပြန် (ရုပ်/ သံ)

တော်ဝင်ဒေါင်းတပ်ရင်းက ရဲဘော်တွေဟာ ရှေ့တန်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသလို သိမ်းပိုက်ထားတဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကူညီကာကွယ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမြို့ရှိ ပြိုကျနေသည့် အဆောက်အအုံအောက်တွင် နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေသည့် အမျိုးသား ၁ ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းမြို့ရှိ ပြိုကျနေတဲ့ အဆောက်အအုံအောက်မှာ နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးတွေလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကိုက ရုပ်သံနဲ့တကွ ဖော်ပြခဲ့ပါတယ်။
Read More

Pakokku People Defense Force မှ ထုတ်ပြန်သည့် စက်တပ်လေထီး သိမ်းဆည်းရရှိမှု ရုပ်သံဖိုင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင်ကို Pakokku People Defense Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

ခရီးသည် ၁၇၉ ဦး လိုက်ပါလာတဲ့ American Airlines လေယာဥ်မီးလောင်၊ ခရီးသည်တွေကို အရေးပေါ်ကယ်ဆယ်နိုင်ခဲ့

အမေရိကန် Denver အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ American Airlines လေကြောင်း လေယာဉ်တစ်စင်းဟာ မထွက်ခွာမီ လေယာဉ်ဘီးချို့ယွင်းမှုကတဆင့် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။