မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်တယ်လို့ Taung Tha People Defense Force က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်မှာ တောင်သာမြို့ကနေ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မင်းတည်းကျေးရွာကို ဦးတည်လာစဥ် တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ဒရုန်းတွေ အသုံးပြုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ယောက်ခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မင်းတည်းကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Taung Tha People Defense Force (TTA-PDF) နဲ့အတူ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်၊ ရုံးစဥ်ကြီးတိုက်နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့၊ DSNDA (ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်မတော်)၊ မြင်းခြံခရိုင်တပ်ရင်း(၃)နဲ့ One More စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video-Taung Tha People Defense Force
0 Shares:
You May Also Like
Read More

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အိုးတိန်တွင်းရွာ ကလေးငယ်များအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်ကျောင်းသား၊ ကျောင်းသူများအတွက် အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း စစ်ဆေးရေးလုပ်နေသည့် စစ်ကော်မရှင်တပ်သားများ စနိုက်ဘာဖြင့် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ဖြူးမြို့နယ် ဇောင်းလျှားခုံကျေးရွာမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့လို့ ၂ ဦး သေဆုံးခဲ့တယ်လို့ ဧရာ၀တီအမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။ ဇန်နဝါရီ ၂၃ ရက်၊ မနက်ပိုင်းက ဖြူးမြို့နယ် ဇောင်းလျှားခုံကျေးရွာမှာ ရှောင်တခင်လာရောက်စစ် ဆေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၆၆) လက်အောက်ခံ ခလရ(၂၄) တပ်သား- မင်းဇော်ဦး ၏ ပြောကြားချက် (ရုပ်/သံ)

“မန္တလေး ရှမ်းမြောက်ဘက်မှာ တံတားပြင်ခင်းသွားလုပ်တယ်။ ပြင်ခင်းလည်း ပြီးရော ရခိုင်ကို ပြန်ဆင်းမယ်။ မိသားစုနဲ့ တွေ့ရအောင် ပြန်ဆင်းတဲ့အခါ ကားဂိတ်မှာ ထမင်းစားနေတဲ့အချိန် ၁၁/ တွေကို လိုက်ဖမ်းတယ်။ အဲ့အချိန်မှာ ကျနော်ပါသွားတာ။ ကျနော့်ကို ဖမ်းပြီးတော့ ထွေအုပ်ရုံးကို ပို့လိုက်တယ်။ ထွေအုပ်ရုံးကနေမှတစ်ဆင့် စုဆောင်းရေးတပ်ကို ပို့တယ်''
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Dawei Guerrilla Revolutionary Force - DGRF က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မှတ်တိုင်အမှတ် ၃၁၇ မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၁ ရက် မနေ့ညနေပိုင်းက ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force က ထုတ်ပြန်ထားပါတယ်။
Read More

ကန်ပိုက်တီးနယ်စပ်ဂိတ်နဲ့ ဌာနဆိုင်ရာတွေမှာ KIA အလံကိုလွှင့်ထူ (ရုပ်/သံ)

ကန်ပိုက်တီမြို့နဲ့ တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်း အပါအဝင် ဌာနဆိုင်ရာတွေမှာ KIA က ကချင်အမျိုးသားအလံတော် ကိုလွှင့်တင်လိုက်ပြီး မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။