မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ ၁ယောက် အပါအဝင် အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသတွင်း လူ့အခွင့်အရေးချိူးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။

နိုဝင်ဘာလအတွင်း ရေးမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ တိုက်ခိုက်မှု (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ရာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်က သေဆုံးသူ (၁၄) ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ (၅) ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သားဖမ်းဆီးခံရသူမှာလည်း အယောက်ထက်မနည်းရှိခဲ့ရာ အများစုကတော့ စစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီးမှုတွေနဲ့ တိုက်ပွဲတွင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုနေမှုတွေ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အချက်အလက် ကောက်ယူလို့ရ‌သ‌လောက်က ပြီးခဲ့တဲ့လက မွန်ပြည်နယ်မှာ အဖမ်းခံရတာက ၅၀ ဝန်းကျင်ရှိပါတယ်။ ဒီထဲက တချို့လည်း ငွေပေးပြီး ပြန်လွတ်တာရှိတယ်။ ဖမ်းခံထိတာတော့ ပုံစံအမျိုးမျိုးရှိတယ်။ လမ်းမှာ ဖမ်းခံရတာ၊ အကြောင်းအရင်းမရှိဘဲ ဖမ်းခံရတာ၊ တိုက်ပွဲဖြစ်တဲ့ အနီးအနားရွာက ပြည်သူတွေ ဖမ်းခံရတာတွေ၊ စစ်ကြောင်းထိုးရင်း လူသားဒိုင်းအနေနဲ့ ဖမ်းတာမျိုးတွေ ရှိပါတယ်။ စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးမှုတချို့ရှိတယ်လို့လည်း တွေ့ရပါတယ်။ အဓိကအားဖြင့် ဒီအချက်အလက်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အခြေခံစုဆောင်းတာဖြစ်တာကြောင့် တချို့သောအချက်အလက်တွေတော့ လက်လှမ်းမမီတာကြောင့် လက်တွေ့မှာတော့ ဒီထက်ပိုများနိုင်ပါတယ်” လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက မောင်းကို ပြောပါတယ်။

ပုံစာ- မော်လမြိုင်မြို့တွင် တွေ့ရသည့် အကြမ်းဖက်စစ်တပ် (ပုံဟောင်း)

အဖမ်းခံရသူတွေထဲမှာ ချောင်းဆုံမြို့မှာ ရွေးကောက်ပွဲ ကိုယ်စာလှယ်လောင်းစာရွက်ကို အရက်မူးပြီး ဖြဲမိတဲ့ အမျိုးသား ၁ဦးကို ထောင်ဒဏ် ၁၇ နှစ်အထိ ချမှတ်ခဲ့တာအပြင် စစ်အုပ်စုကို ဝေဖန်ခဲ့တဲ့ မော်လမြိုင်မြို့က သာသနာနွယ်ဆရာတော်နဲ့ ကပ္ပိယ ၂ဦးကို NUG၊ CRPH တို့နဲ့ ဆက်စပ်သူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးမှုတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သာသနိက အဆောက်အဦး ၂လုံးနဲ့ အရပ်သား နေအိမ် ၇လုံး ပျက်စီးဆုံးရှုံးမှုတွေလည်း နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်က ၅၀၅ (က) ပုဒ်မတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ၈၅၀ ယောက် ပြန်လွတ်ပေးခဲ့တယ်လို့ ဆိုပေမယ့် မွန်၊ တနင်္သာရီ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၉ ယောက်သာ လွတ်ခဲ့ပြီး အများစုကလည်း လွတ်ရက်စေ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မွန်ပြည်နယ်မှာ အနည်းဆုံး အရပ်သားဖမ်းဆီးခံရသူ (၂၂၅၂) ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ (၅၈၀) ယောက်နဲ့ သတ်ဖြတ်ခံရသူ (၃၃၆) ယောက် ရှိနေပြီလို့ လဂွန်းအိမ်စာစဉ်ကနေ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ယမားဆည်ရေ မြင့်တက်လာမှုကို အချိန်နဲ့ တပြေးညီစောင့်ကြည့်နေတယ်လို့ ပုလဲ ပအဖက အသိပေး

စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲက တောင်ယမားဆည်ရေမြင့်တက်လာပေမယ့် စိုးရိမ်စရာမရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။ 
Read More

စလင်းမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ မြို့နယ်အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ…

မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း - ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကော်မရှင် (သို့မဟုတ်) တိုင်းပြည်နှင့်လူထု၏ ရန်သူ

စစ်ခေါင်‌ဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကော်မရှင်ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့က ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
Read More

မိတ္ထီလာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်က အစိုးရသူနာပြု သင်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက် မီးလောင် သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ပြည်သူများကို အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ အသိပညာပေးမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာအသိပညာပေးမှုကို စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။