စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ရွှေလုပ်ကွက်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးခဲ့ကြောင်း ဗန်းမောက်နယ်ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၇ရက် နေ့လယ် ၂နာရီလောက်မှာ တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂စီးဟာ ဗန်းမောက်မြို့နယ်တောင်ပိုင်း သုံးပင်ကျေးရွာနားက ရွှေလုပ်ကွက်နေရာကို လေကြောင်းတိုက်ခိုက်မှု ၁၆ မိနစ်ခန့်ကြာ ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးကာ ၆ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူ ၆ယောက်ထဲက ၂ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

“အဲ့နေရာက ပြည်သူ့အိုးအိမ်ရှိတဲ့နေရာ မဟုတ်ပါဘူး။ သတ္တုတူးဖော်ရေးလုပ်ငန်းဆိုက်ပါ။ ထိခိုက်သူ ၆ယောက်ထဲ တရုတ်နိုင်ငံသား ၂ယောက်ပါတယ်။ သူတို့ ၂ယောက်က လန့်လို့လား စိတ်ပူလို့လား မသိဘူး။ လိုင်ဇာဘက်ကို တန်းပြေးသွားတယ်။ ဒီမှာ ဒဏ်ရာတွေ ဆေးထည့်ပြီး လိုင်ဇာကို ကားနဲ့ ချက်ချင်းသွားလိုက်တာ” လို့ ဗန်းမောက်နယ်ခံတစ်ယောက် မောင်းကို ပြောပါတယ်။

စစ်ကော်မရှင် လေကြောင်းဗုံးကြဲခဲ့တဲ့ ရွှေလုပ်ကွက်နေရာမှာ တိုက်ပွဲနေရာနဲ့ မိုင် ၂၀ ကျော် ကွာဝေးပြီး ပြည်သူတွေသာ ရွှေတူးဖော်ကြတဲ့နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ နေရာကို စစ်တပ်က ၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းကလည်း လေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များမှာ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅)ဦးနှင့် ရောင်းဝယ်သူ (၇)ဦး ဖမ်းဆီးနိုင်ခဲ့ဟု TNLA ထုတ်ပြန်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်၊  မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နဲ့ မိုင်းယော်မြို့နယ်မှာ ဖေဖော်ဝါရီလ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ယောက်နဲ့ ရောင်းဝယ်သူ (၇) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်မှုထမ်းအတွက် လူငယ်ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ရွာ ၃ ရွာကို မီးထပ်ရှို့လို့ နေအိမ် ၁၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁ ယောက်ကိုပါ မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်အုပ်စုက ​မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့ ဟိုတယ်တွင် အမျိုးသမီးငယ်ကို ခုတ်ထစ်သတ်ဖြတ်ခဲ့မှု လူငယ် ၂ ဦးကို ဖမ်းဆီးရမိဟု စစ်ကော်မရှင် ထုတ်ပြန်၊ အမျိုးသားက ရုပ်ရှင်ထဲကအတိုင်း ရက်ရက်စက်စက် သတ်ကာ ရည်းစားဖြစ်သူက အလောင်းဖျောက်ဖျက်ရာတွင် ကူညီခဲ့

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel မှာ အမျိုးသမီးငယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့သူနဲ့ အလောင်းဖျောက်ဖျက်ရာမှာ ပူးပေါင်းပါဝင်သူတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူတွင် ကပစ ကိုလာသည့် စစ်ကားများကို စောင့်ကြိုတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၁ ဦး သေဆုံး

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကပစ ၂၁ ကို လာတဲ့ စစ်ကောင်စီကားတွေကို စောင့်ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ (၁) - Caf SpuPDF က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဂန့်ဂေါမှာ ဆိုင်ကယ် ကယ်ရီသမား အဖမ်းခံရတာကို PDF အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စု တမင်ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဂန့်​ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။