ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာမျိုး မဖြစ်အောင် အထူးသတိထား ဆောင်ရွက်ဖို့ အကြမ်းဖက်စစ်ကော်မမရှင်နဲ့ သဘောတူညီမှုရခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး Mr.Sihasak Phuangketkeow တို့ မနေ့က ဒီဇင်ဘာ ၇ ရက် နေပြည်တော်မှာ တွေ့ဆုံချိန် အခုလို သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ် မြန်မာဘက်ခြမ်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီဇင်ဘာ ၁ရက်နေ့က မြန်မာဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်ကာ အသက် ၆၇ နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ကျေးရွာထဲကို မြန်မာဘက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ မြန်မာဘက်က ကျည်တွေ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျရောက်ရင် အင်အားသုံး ဖြေရှင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ukrit Boontanon က သတိပေး ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၇ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံကာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို လာရောက်မထိခိုက်ဖို့ သဘောတူခဲ့ကြတာဖြစ်ပြီး အာဏာသိမ်းစစ်ပိုင် သတင်းစာ မျက်နှာဖုံးမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က မင်းအောင်လှိုင်ကို လာရောက်ဂါရဝပြု တွေ့ဆုံတယ်လို့ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲပြီးသွားရင်တောင် အာဆီယံအနေနဲ့ စစ်ကော်မရှင်နဲ့ ပြန်လည်ဆက်ဆံဖို့ ခက်ခဲသွားနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အချိန်ရောက်ပြီလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးပတ်ထဲမှာ ထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

ထိုင်းအစိုးရက မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြု၊ ကုလသမဂ္ဂ ကြိုဆို

ထိုင်းနိုင်ငံမှာ ရေရှည် ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက ဩဂုတ်လ ၂၆ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ 
Read More

အစားအသောက် မကောင်းလို့ဆိုပြီး စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီးတဦး မလေးရှားတွင် ဓားထိုးသတ်ခံရ၊ သံသယတရားခံအဖြစ် မြန်မာ ၃ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။
Read More

အလှမယ် သဲစုငြိမ်း ရရှိသွားတဲ့ Miss Grand International 2025 2nd Runner-Up ကို MGI ပြန်ရုပ်သိမ်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ စလစ်ကြေး ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။
Read More

စစ်ကောင်စီ ခွင့်ပြုချက်မပေးလို့ နိုင်ငံခြားသား ၆၁ ဦးကို လိမ်လည်လုပ်ငန်းတွေကနေ ပြန်လွှတ်ဖို့ BGF ဆိုင်းငံ့

စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လိမ်လည်လုပ်ငန်းတွေကနေ နိုင်ငံခြားသား ၆၁ ဦးကို ပြန်လွှတ်ပေးဖို့ရာက BGF က ဆိုင်းငံ့ထားကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။