အခုနှစ်မကုန်ခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့အတိုင်း ဒီကနေ့မှာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။

CRPH ရဲ့ ထုတ်ပြန်ချက်အရ NUG အစိုးရအဖွဲ့အတွင်း ဝန်ကြီးနဲ့ ဒုဝန်ကြီး ရာထူးအပြောင်းအလဲတချို့ရှိခဲ့ပြီး အရင် အစိုးရအဖွဲ့ထဲ ပါခဲ့တဲ့ ဝန်ကြီးတချို့ ပြန်လည်မပါဝင်တော့သလို ဝန်ကြီးနေရာအများစုကတော့ နဂိုရှိရင်းစွဲအတိုင်း ရှိနေခဲ့တယ်လို့ သိရပါတယ်။

ထုတ်ပြန်ခဲ့တဲ့ အစိုးရအဖွဲ့အပြောင်းအလဲစာရင်းအရ သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ (ယာယီသမ္မတ) နဲ့ ပြည်ထောင်စုဝန်ကြီးချုပ်နေရာတွေက မူလအတိုင်းရှိနေခဲ့တာဖြစ်ပါတယ်။

အလားတူ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး၊ ကာကွယ်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး၊ တရားရေး ၊ လျှပ်စစ်နှင့်စွမ်းအင်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာစတဲ့ ဝန်ကြီးနေရာတွေလည်း အပြောင်းအလဲမရှိ မူလအတိုင်း ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ အပြောင်းအလဲအဖြစ် အရင်က ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးအဖြစ် ရှိခဲ့တဲ့ ဒေါက်တာဇော်ဝေစိုးကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးထားပြီး ကျန်းမာရေးနဲ့ ပညာရေး ဒုဝန်ကြီးတွေကို ဝန်ကြီးတွေအဖြစ် ရာထူးတိုးမြှင့်ထားတာ ဖြစ်ပါတယ်။

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့မှာ အရင်က ဒေါ်နော်စူဇန်နာလှလှစိုး ဝန်ကြီးအဖြစ် တာဝန်ယူပြီး ဒေါ်အိသဉ္ဓာမောင် ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီး ဌာန မပါရှိတော့သလို ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေလည်း ပြန်ပါမလာတော့ပါဘူး။

အလားတူ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနဲ့ ဝန်ကြီးဖြစ်တဲ့ ဦးထင်လင်းအောင်လည်း ပြန်လည်ပါဝင်လာခြင်း မရှိတော့ပါဘူး။

ဒါ့အပြင် အရင် နိုင်ငံခြားရေး ဒုဝန်ကြီးဖြစ်တဲ့ ဦးမိုးဇော်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ၊ ဒေါက်တာဆာဆာတို့လည်း အစိုးရအဖွဲ့သစ်ထဲ ပါဝင်ခြင်း မရှိတော့ပါဘူး။
0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု MSFC ထုတ်ပြန်

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃) ရက်နေ့ ရက်စွဲနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကို ထုတ်ပြန်ပြီးဖြစ်သလို တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူသွားမယ်လို့လည်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

အမြန်လမ်းပေါ်တွင် PDF များကို အားပေးစကားပြောခဲ့သည့် အမျိုးသားအား ဖမ်းဆီးထားကြောင်း စစ်တပ်လက်ပါးစေများ အောင်ပွဲခံပြောဆိုနေ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန် စကားလှမ်းပြောခဲ့တဲ့ အမျိုးသားကို PDF အားပေးမှုနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒါဖြန့် လော်ဘီချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
Read More

မိုးကုတ်မြို့အနီးရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ…

"ထိတွေ့မှုလဲမရှိဘူးဗျ ၊ ဒီတိုင်းချဲသွားတာဗျ ဟိုတယ်က မဖွင့်ထားဘူးဗျ ၊ လောလောဆယ် ဒီလောက်ပဲသိရသေးတယ်" လို့ မိုးကုတ်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။